ဆုံဆည်းရာ၊ မေလ ၉ ရက် ၂၀၀၈ ခုနှစ်
အလောင်းတွေကို ရေထဲမြောပစ်တယ်။ ရောဂါကူးစက်မှုတွေက မကြာခင်ဖြစ်လာတော့မယ်။ ရန်ကုန်ရေဝေးသချိုင်္င်းမှာတောင်မှ ဂတ်စ် (Gas) မရှိလို့ အလောင်းတွေကို စုပေါင်းပြီး သဂြိုလ်ပေးရတယ်။ သေဆုံးသူတွေကို ဟုတ်တိပတ်တိ မသဂြိုလ်နိုင်ဘူး။ အခုဟာ ဘာလုပ်နေလဲဆိုတော့ ဖျာပုံမှာ စစ်တပ်နဲ့ ကြံ့ဖွတ်တွေက အလောင်းတွေကို ညညကျမှ မြစ်ထဲကို မျောချတယ်။
လပွတ္တာမှာ ၁၈၀,၀၀၀ (တသိန်းရှစ်သောင်း)နီးနီးသေတယ်။
ဘိုကလေးမှာ ၈၀,၀၀၀ (ရှစ်သောင်း)ကျော်သေဆုံးတယ်။
ဖျာပုံမှာ ၉၀,၀၀၀ (ကိုးသောင်း)၀န်းကျင်သေတယ်။
ကွမ်းခြံကုန်းမှာ ၅၀,၀၀၀ (ငါးသောင်း)ကျော်သေတယ်။
မော်ကျွန်းမှာ ၅၀,၀၀၀ (ငါးသောင်း) ၀န်းကျင်သေဆုံးနိုင်တယ်။
ဒေးဒရဲမှာ ၅၀,၀၀၀ (ငါးသောင်း) ၀န်းကျင်သေဆုံးနိုင်တယ်။
အားလုံးပေါင်း ၆၀၀,၀၀၀ (ခြောက်သိန်း)ကျော် အသက်ဆုံးရှုံးတယ်။ တိုင်းတတိုင်းလုံးမှာ ပျောက်ဆုံးနေတာတောင်မှ တသိန်းကျော် ပျောက်ဆုံးနေတယ်၊ ဟု အရာရှိကြီးတစ်ဦး ပြောဆိုပါတယ်။
သံဖိုင်ကို ယခုနေရာမှ Download လုပ်၍ နားဆင်နိုင်ပါတယ်။
Saturday, May 10, 2008
ပြည်တွင်းမှ အရာရှိကြီးတစ်ဦး ပြောကြားချက် ... နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ခြောက်သိန်းကျော် သေဆုံး
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment