UN -ခေတ်ပြိုင်/ ၁၃ မေ ၂၀၀၈
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လူသားချင်း စာနာထောက် ထားမှု အရေးပေါ် ဆောင်ရွက်ချက်များသည် လက်မခံ နိုင်လောက်အောင် နှေးကွေးနေသည့်အတွက် အင်မ တန် စိတ်ပျက် စိုးရိမ်မိကြောင်း ယမန်နေ့က နယူး ယော့ခ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွား ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ အကြီးအကျယ် စိတ်ပျက်မိ ကြောင်း ဘန်ကီမွန်းက ပြောကြားလိုက်ပြီး မုန်တိုင်း ဒဏ် ခံရသူများအား ပိုမိုဆိုးဝါးလာမည့်အရေးမှ ကာကွယ်နိုင်ရန် တတ်နိုင်သည့်ဘက်မှ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ရန် မြန်မာအစိုးရအား တောင်းဆိုထားသည်။
မြန်မာနိုင်ငံတွင်းသို့ နောက်ထပ် အကူအညီများ အမြန်ဆုံး ရောက်မလာပါက ယနေ့ အရေးပေါ် လိုအပ်မှုများထက် ပိုပိုကြီးမားသည့် ကူးစက်ရောဂါ ဖြစ်ပွားမှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း ၎င်းက ထည့်သွင်း ပြောကြားသွားသည်။
“ဒါကြောင့် လူတွေရဲ့ အသက်တွေကို ဦးစားပေး ကယ်ဖို့၊ တကယ့်ကို အားသွန်ခွန်စိုက် လုပ် ဆောင်ဖို့ မြန်မာအစိုးရကို ကျနော် တောင်းဆိုလိုက်တာပါ။ ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေ မဖြစ်အောင် ဘေးအန္တရာယ်တွေကို တားဆီးဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ကြရမယ်” ဟု လည်း ဘန်ကီမွန်းက ပြောသည်။
မေ (၂) ရက်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော ဆိုင်ကလုံး နာဂစ်ကြောင့် လူပေါင်း (၃၂,၀၀၀) ခန့်သေဆုံးပြီး (၃၄,၀၀၀) ကျော် ပျောက်ဆုံးနေသည်ဟု အစိုးရက တရားဝင်ထုတ်ပြန်သော် လည်း လူဦးရေ (၁.၅) သန်းခန့် အတိဒုက္ခရောက်နေသည်ဟု နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများက ခန့်မှန်းကြသည်။
စစ်အစိုးရသည် တင်းကျပ်တားမြစ်မှုများကို ပယ်ဖျက်စ ပြုနေပြီဖြစ်သဖြင့် အားတက်ဖွယ်ရာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့နှင့် ယမန်နေ့အတွင်း ကယ်ဆယ်ရေး အထောက် အပံ့လေယာဉ်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နောက်ထပ်လည်း အကူအညီ အမြောက် အမြား လိုအပ်ဦးမည်ဖြစ်ကြောင်း ဘန်ကီမွန်းက ပြောသည်။
နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားများမှာမူ မြန်မာအစိုးရ၏ ပြည်ဝင်ခွင့်ဗီဇာပေးရန် ငြင်း ဆန်နေမှုကြောင့် စောင့်ဆိုင်းနေကြဆဲဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် ဒုက္ခရောက်နေသူအားလုံး၏ သုံးပုံတပုံနီးပါးခန့် လူပေါင်း (၂၇၀,၀၀၀) ထံသာ အကူအညီများ ရောက်ရှိနိုင်ခဲ့ကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အဆိုအရ မြန်မာပြည် တွင်းသို့ တင်သွင်းခွင့်ပေးသော ရိက္ခာပမာဏမှာလည်း အမှန်တကယ် လိုအပ်သည်ထက် ဆယ်ပုံတပုံခန့်သာ ရှိသေးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသည်။
ထိခိုက်မှုအများဆုံးရှိသည့် နယ်မြေများသို့ အရေးကြီးရိက္ခာ ထောက်ပံ့ပို့ဆောင်ရေးများ ပြုလုပ်ရန် စစ်အစိုးရကို တောင်းဆိုထားကြောင်း၊ ထိုသို့ ထိရောက်စွာ အကူညီပေးနိုင်ရန် နိုင်ငံတကာ ကယ် ဆယ်ရေး အေဂျင်စီများမှ အထူးကျွမ်းကျင်သူများ လိုအပ်ပြီး မြန်မာအစိုးရ တဦးတည်းအနေဖြင့် မလုပ်နိုင်ကြောင်းလည်း ဘန်ကီမွန်းက ပြောသည်။
အရေးပေါ်တုံ့ပြန်မှုများ မြန်မြန်ဆန်ဆန် လုပ်ဆောင်ရန် မေတ္တာရပ်ခံရသည့်အကြောင်းမှာ “ကယ် ဆယ်ရေးကိစ္စဟာ နိုင်ငံရေးအတွက် မဟုတ်ဘူး၊ လူတွေရဲ့ အသက်တွေကို ကယ်ဆယ်ရမယ့် အရေးပါ။ လုံးဝ အချိန်ကုန်ခံလို့ မဖြစ်ပါဘူး” ဟု ၎င်းက ပြောသည်။ ။
Wednesday, May 14, 2008
မုန်တိုင်း ကယ်ဆယ်ရေးများ လက်မခံနိုင်လောက်အောင် နှေးကွေးဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောကြား
Subscribe to:
Post Comments (Atom)
1 comments:
UN Secretary General should go to the region and meet people inside Burma, and try to find a solution very urgently. I don't believe anything would change just by issuing multiple statements at NY. Are they planning for UN summit for Burma cyclone? how long does it take to prepare for this? More people are going to die with starvation and disease very soon.
Post a Comment