Thursday, May 15, 2008

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ချုပ်ကြီး၏ ထုတ်ပြန်ကြေညာချက်

သပိတ်မှောက်မယ်

နအဖစစ်အာဏာရှင်များအနေဖြင့် -

၁။ အမေရိကန်အပါအ၀င် နိုင်ငံကြီးတို့ မှ ကယ်ဆယ် ရေး ၀န်ထမ်းများကို မြန်မာနိုင်ငံအတွင်း အမြန်ဆုံးဝင် ရောက်ကူညီ လုပ်ကိုင်ခွင့်ပြုရန်။

၂။ ပြည်တွင်းပြည်ပမှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေး ပစ္စည်းများအားလုံးကို အမြန်ဆုံးလက်ခံခွင့်ပြုရန်။

၃။ ပြည်တွင်းပြည်ပမှ စေတနာရှင်အဖွဲ့အစည်းများ အားလုံးကို လွတ်လပ်စွာ ကူညီပြုစု ကုသခွင့်ပေးရန်။

၎။ ပြည်တွင်းပြည်ပမှ ထောက်ပံပေးနေသည့် ပစ္စည်း များ အားလုံးကို ဒုက္ခသည်များထံသို့  တိုက်ရိုက်ပေးပို့ လှူဒါန်းခွင့်ပြုရန်။

ယခုတောင်းဆိုချက် (၄) ခုကို လိုက်လျောမှု မရှိပါက (၂၃-၅-၂၀၀၈) ရက်နေ့ မှစပြီး နအဖ စစ်အာဏာရှင် များအား ပြည်တွင်းပြည်ပရှိ သံဃာတော်များနှင့် ပြည် သူလူထုတစ်ရပ်လုံး လမ်းပေါ်ထွက်ကာ ပြင်းပြင်းထန် ထန် ကန့်ကွက်ဆန္ဒပြကြရန် အလေးအနက် တိုက် တွန်းပါကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ချူပ်ကြီး။


0 comments: