AFP-ခေတ်ပြိုင်/ ၂၄ ဧပြီ ၂၀၀၈
ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ပိတ်ဆို့တားမြစ်မှုများ ထပ်မံတိုးမြှင့်ပြီး ပိုမိုတင်းကျပ်မှုများ လုပ်ဆောင်သွားရန် ပြင်ဆင်နေကြောင်း ဥရောပသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သူ ဆလိုဗေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂျန်နက်ဇ် လန်နာစစ်က ယမန်နေ့က ပြောကြားသည်။
“ကျနော်တို့ စစ်အစိုးရအပေါ် ပိတ်ဆို့ထားတာတွေကို နောက်ထပ် (၁၂) လ ထပ်တိုးဖို့ မျှော်လင့် ထားပါတယ်” ဟု ဂျန်နက်ဇ် လန်နာစစ်က ဥရောပ လွှတ်တော်အဖွဲ့ဝင်များကို ပြောသည်။
ဥရောပ ကော်မရှင် ဒု-ဥက္ကဋ္ဌ ဂျက်ဘားရော့က “အကြီးမားဆုံး ငွေကြေး ပိတ်ဆို့မှုအတွက် ဖြစ်နိုင် ချေတွေကို ဥရောပသမဂ္ဂ ၀န်ကြီးများအဖွဲ့အတွင်းမှာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေကြပါတယ်” ဟု စထရက်စ်ဘော့ဂ်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောသည်။
ယမန်နှစ် နိုဝင်ဘာမှ စတင်ပြုလုပ်ခဲ့သော ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုများတွင် သစ်၊ ကျောက်မျက် ရတနာ၊ သတ္ထုတို့ တင်သွင်းသည့် ကုန်သွယ်မှု ပိတ်ဆို့မှုများ၊ မြန်မာစစ်ခေါင်းဆောင်များနှင့် ၎င်းတို့ ဆွေမျိုးသားချင်းများ၏ ခရီးသွားလာခွင့် ပိတ်ပင်မှုများ၊ ငွေကြေး ထိန်းချုပ်မှုများ ပါဝင်သည်။
ငွေကြေးပိတ်ဆို့မှု ကိစ္စများကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက လူဇင်ဘတ်တွင် တနင်္လာနှင့် အင်္ဂါနေ့တွင် ပြုလုပ်မည့် ဆွေးနွေးပွဲ၌ ဆွေးနွေးမည်ဖြစ်ပြီး စစ်အစိုးရ၏ အနာဂတ် လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ ပိတ်ပင်မှုများ ထပ်မံတင်းကျပ်နိုင်ကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ လန်နာဆစ်က ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြည်သူ လူထုအား ဝေဖန်ဆွေးနွေးခွင့်ပြုရန်၊ အတိုက်အခံ အဖွဲ့များအပေါ် ဖိနှိပ်မှုများရပ်တန့်ရန် စစ်အစိုး ရအား တောင်းဆိုထားသည်။
“မြန်မာ အာဏပိုင်တွေအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဆန္ဒခံယူပွဲ ကျင်းပခွင့်ပြုမယ်လို့ မျှော် လင့်ပါတယ်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကို စောင့်ကြည့်ခွင့်ပြုမယ်လို့ ဥရောပ သမဂ္ဂနိုင်ငံတွေက ဆက်လက် မျှော်လင့်နေပါတယ်။ စစ်မှန်တဲ့၊ ပွင့်လင်းတဲ့ ဒီမိုကရေစီနည်းကျ လုပ်ဆောင်ချက်တခုတည်းသာ အမျိုးသားပြန် လည်ရင်ကြားစေ့ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ သာယာဝပြောရေးဆီကို ဦးတည်နိုင်မယ်” ဟုလည်း လန်နာဆစ်ကပြောသည်။
နိုင်ငံရေး လှုပ်ရှားဆောင်ရွက်သူများအပေါ် ပြစ်ဒဏ်ချမှတ်ခြင်းများ ရပ်တန့်ရန်နှင့် အစိုးရအား ဝေဖန်ပြောဆိုမှုကို တားမြစ်ထားသည့် ဥပဒေအား ပြင်ဆင်ပေးရန်၊ နိုင်ငံရေးအကျဉ်းသားများ အား ပြန်လွှတ်ပေးရန်တို့အတွက်လည်း တောင်းဆိုကြောင်း ဥရောပသမဂ္ဂဥက္ကဋ္ဌဖြစ်သူက ပြောသည်။ ။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
3 months ago
0 comments:
Post a Comment