Sunday, April 27, 2008

နိုင်ငံအသီးသီးတွင် ယနေ့ မြန်မာတွေ မဲပေးကြသောအခြေအနေ

တောင်ကိုရီးယား

ယနေ့ တောင်ကိုရီးယားမှာ ဆန္ဒမဲပေးရန်သွားရောက်သူများ မဲပေးခွင့်မရ ။ တောင်ကိုရီးယား ရှိ ပူဆန်း၊ဒေကူး နယ်များမှမဲပေးရန်လာရောက်သူ ၃၀ ကျော်တွင် ၃ ဦးသာမဲပေးခွင့်ရ ၊ တရားဝင်နေထိုင်သူများဖြစ်ပြီး အခွန်ဆောင်ထား သူ များသာလျှင်မဲပေးခွင့်ရရှိခဲ့သည် ။ သံရုံးအတွင်းသို့ တစ်ဦးချင်းဝင်ရပြီး အိတ်များကို အပြင်တွင်ထားခဲ့ရသည်။ ဒီနေ့ စုစုပေါင်းမဲပေးသူ ၂၀ ဦး ခန့် သာရှိ သည် ။ သံရုံးပြင်ပတွင် ဆန္ဒပြသူ ၅၀ ကျော်ခန့် ရှိသည် ။

စင်္ကာပူ

စင်္ကာပူ မြန်မာသံရုံးတွင် ယနေ့ လူ ထောင်ကျော် (၃၀၀၀ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရကြောင်း မျက်မြင်သက်သေက ပြောပါတယ်) ရောက်ရှိခါ ဆန္ဓမဲပေးကြကြောင်း သတင်းရရှိပါသည် ။ ညနေ လေးနာရီခွဲ ပိတ်နေကြကို မပိတ်နိုင်ပဲ ပြန်လည်ဖွင့်ပေးရပြီး ညနေ ၅နာရီကျော်ထိ မဲပေးသူများကို လက်ခံနေရပါသည် ။ နိုး ပါသော အနီရောင် အင်္ကျီများဝတ်ပြီး ဦးထုပ်နီများဆောင်းခါ ၊ နေပူဒဏ်အောက် စနစ်တကျတန်းစီပြီး မဲပေးဖို့ စိတ်ရှည်လက်ရှည် စည်းကမ်းတကျ စောင့်ကြတာ တွေ့ ရပါသည် ။

စင်္ကာပူအစိုးရမှ ရဲ ၅၀ကျော် ရဲကားများ အချုပ်ကားများနှင့် လုံခြုံရေးချပြီး ၊ တချို့ ကို အိုင်ဒီများ တောင်းစစ်ကြောင်းလည်း သိရှိရပါသည် ။ တချို့ ကို မဲပေးရန်ဖိတ်စာမပါသော်လည်း အခွန်ပေးစာ receipt ပါရင် မဲပေးခွင့် ပေးသော်လည်း ၊ တချို့ ကိုကျတော့ နှစ်ခုလုံးပါမှ ပေးရမည်ဟု ငြင်းပယ်ခဲ့ပါသည် ။ သံရုံးမှပို့သော မဲပေးရန်ဖိတ်စာတွင် အခွန်ပြေစာ ပါရမည်ဟု အတိအလင်းမရေးထားကြောင်း စင်္ကာပူမှာ မြန်မာတယောက်က ပြောပါသည် ။

နိုး အင်္ကျီဝတ်ထားသူများကို ချွတ်ခိုင်းတာ မချွတ်လို့ အချင်းပွားကြပြီးနောက် ၊ သံရုံးတံခါးကို ပိတ်လိုက်တယ်လို့ ပြောပါသည် ။ ကမ္ဘာမကြေသီချင်းကို နှစ်ခေါက်ပြန် အားလုံးဝိုင်းဝန်းရွတ်ဆိုကြပြီး ၊ အိမ်သို့ ပြန်ခဲ့ကြကြောင်း သိရှိရပါသည် ။ ယနေ့သွားကြသူများထဲမှ မဲပေးခွင့်မရသူများလည်း အများအပြားရှိပါသည် ။ သူတို့ကိုတော့ တနလာင်္ နဲ့ အင်္ဂါမှာ မဲပေးခွင့် ပေးမယ်ဟု သံရုံးက ပြောကြားကြောင်း သိရပါသည် ။

ဓါတ်ပုံများကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါသည်

ဓါတ်ပုံများကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါသည် ။

ဂျပန်

မိုးသောက်ကြယ် ဘလောဂ့်တွင် သတင်း ဖတ်နိုင်ပါသည် ။

စင်္ကာပူရှိ မြန်မာဘလောဂါ့တချို့ ၏ ကိုယ်ပိုင်အတွေ့ အကြုံကို အောက်ပါလင့်ခ်များတွင် ဖတ်နိုင်ပါသည် ။

ပန်ဒိုရာ
ပီတိ
လင်းလက်ကြယ်စင်

0 comments: