Sunday, April 27, 2008

ရန်ကုန် နောက်ဆုံးသတင်း

ဧပြီ ၂၇ ရက် ၂၀၀၈ ခုနှစ်

ကျောင်းသားခေါင်းဆောင်တဦး အဆိုအရ ယနေ့ နံနက်က သာကေတ တံတားအနီး သံဃာတော်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ကားနှင့် ခေါ်ဆောင်သွားသည်ဟု ပြောသည်။ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရ…

ရန်ကုန်မြို့တွင်း သံဃာတော်များ ဦးဆောင်သော စစ်အစိုးရ ဆန့်ကျင်ရေး လမ်းပေါ် ဆန္ဒပြမှုများ ပြန်လည်ဖြစ်ထွန်းအောင် လူစုဝေးမှုများ ယနေ့ ဆက်လက် လုပ်ဆောင်မည် ဆိုသောသတင်းများ ထွက်ပေါ်လာပြီးနောက် အာဏာပိုင်များဘက်မှအထူးစိုရိမ်…လူထုကငြိမ်နေကြမဲ့ပုံတော့မပေါ်ပါ၊

သူတို့လဲ နေရာအနှံ့ကသတင်းတွေကြားနေမြင်နေကြရပါသည်။ မြန်မာ့အသံနှင့် မြဝတီတို့ကတော့ ထောက်ခံမဲပေးရေးဇတ်လမ်းတွဲတွေကိုသာ ဆက်တိုက်ထုတ်လွှင့်နေကြသဖြင့် ညဘက်ရုပ်မြင်သံကြားပိတ်ထားကြ …

ထရိတ်ဒါးဟိုတယ်အနီး ရဲ တဒါဇင်ကျော် ကင်းလှည့်နေသည်။

ယနေ့တွင် NOCampaign လုပ်မည်ဟုသတင်းများထွက်နေသဖြင့်ရန်ကုန်မြို့အတွင်းတွင်လူအသွားအလာနည်းပါးသည်။ ဆူးလေနှင့်မြို့တော်ခန်းမအနီးတွင်ရဲကားများ လူစုခွဲရန်မီးသက်ယဉ်များ၊၀တ်စုံပြည့်ဖြင့်အရံမီးသတ်အထူးတပ်ဖွဲ့

ဝတ်စုံပြည့်ဖြင့်အရံမီးသတ်အထူးတပ်ဖွဲ့ဝင်များ၊ စွမ်းအားရှင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ဆိုင်ကယ်စီးအထူးရဲ (S B)

များနေရာအနှံ့ချထားသည်။သို့သော်မည်သည့်ထူးခြားလှုပ်ရှားမှုမှ မတွေ့ရှိရပါ။

ရွှေပြည်သာမြို့နယ်ရှိ ကျေးရွာများတွင်မဲလာမပေးကထောင်(၁၄)နှစ်၊ ကန့်ကွက်မဲပေးကထောင်(၃)နှစ်ချမည်ဟုကျေးရွာအာဏာပိုင်များကပြောကြောင်းသိရသည်။

မင်္ဂလာဒုံတွင်မဲရုံဆောက်ရန်လူထုထံမှငွေကောက်ခံသဖြင့်တိုင်ထားကြောင်းသိရသည်။

ဘဂ၀ါတွေကို ဒုက္ခပေးနေပြီး။သေချာအောင် ဆက်လက်စုံစမ်းနေပါတယ်…….။

http://yangon.22web.net/ မှ ကူးယူဖော်ပြသည်

0 comments: