Saturday, March 1, 2008

ကဗျာကျမ်း

လင်းထက်

ငါသည်
တော်လှန်ရေးဖြစ်သည်။

တော်လှန်ရေးကို
ယုံကြည်သော လူအပေါင်းတို့သည်
ပရမတ္တများ ဖြစ်ကြကုန်၏။

ထိုသူတို့ကား
သေလွန်သော်လည်း
ရှင်ပြန်ထမြောက်ကုန်၏။

အို…
လူထုအပေါင်းတို့
အတွင်း ၌ ကြမ်းတမ်း ခက်ထန်သော
မိစ္ဆာ စစ်ဘီလူးတို့
သင်တို့အား လိမ်လည်နေကြပြီ
သတိနှင့် ဆင်ယှဉ် တုံ့ပြန်ကြလော့။ ။

0 comments: