Tuesday, March 11, 2008

မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂ

မြန်မာပြည်ကို ၅ ရက်ကြာခရီးသွားခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ
အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ရဲ့ ခရီးစဉ်မှာ မျှော်လင့်ထား
သလောက် တိုးတက်မှုတွေမရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Mr Ban Ki-moon) ကုလသမဂ္ဂ၌ ကျင်းပသည့် သတင်းစာရှင်းပွဲတွင် ပြောပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံ၏ တခုတည်းသော အင်တာနက်ဖြန့်ဖြူးရာ ဌာနဖြစ်သည့် မြန်မာအင်ဖို တက်ခ်က အင်တာနက် အမြန်နှုန်းကို လျှော့ချထားသည်။

မြန်မာစစ်အစိုးရ၏ ငြင်းဆန်နေမှုကို စိတ်ပျက်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇလ်မေ ခါလီဇဒ်ကပြောကြားလိုက်ပြီး လုံခြုံရေးကောင်စီအနေဖြင့် ဂမ်ဘာရီထံမှ အစီရင်ခံစာကို အမြန်ဆုံးရယူပြီး စစ်အုပ်စုအား ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်လာစေရေး အစီအမံများလုပ်ရန် စဉ်းစားဆုံးဖြတ်သင့်ကြောင်း ပြောသည်။

မြန်မာပြည်မှာ ၅ ရက်ကြာ နေခဲ့ပေမယ့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေနဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခွင့်မရခဲ့ဘူးလို့လည်း မစ္စတာဘန်ကီမွန်းက ဆိုပါ
တယ်။ ဒါပေမယ့် မြန်မာပြည်မှာ ဒီမိုကရေစီအပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အရေး
ဆက်ပြီးတော့ တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
က ဆိုပါတယ်။

မစ္စတာဂမ်ဘာရီသည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ ယခုသီတင်းပတ်အတွင်း အတွင်းရေးမှူးချုပ်ထံ အစီရင်ခံတင်ပြမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။ ။

0 comments: