Saturday, March 8, 2008

မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂ

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂမ်ဘာရီတို့ ယနေ့တွင် တွေ့ဆုံခွင့် ရရှိသည်။

နေအိမ် အကျယ်ချုပ်ကျခံနေရသောံ ဒီမိုကရေစီခေါင်းဆောင်ကို နေအိမ်မှ လာရောက်ခေါ်ယူသွားပြီး မစ္စတာဂမ်ဘာရီရှိရာ စစ်အုပ်စုဧည့်ဂေဟာသို့ ပို့ဆောင်သည်ကို မြင်တွေ့ရသည်ဟု အီးမေးသတင်းများက ပြောသည်။

ရန်ကုန်ရှိ စစ်အုပ်စု ဧည့်ဂေဟာတွင် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ သခင်စိုးမြင့်နှင့် တနာရီခွဲခန့် တွေ့ဆုံဆွေးနွေ့းသည်။

မစ္စတာဂမ်ဘာရီဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ မြန်မာစစ်အုပ်စု ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက မစ္စတာ ဂမ်ဘာရီအနေနဲ့ ကြားဝင်ဆောင်ရွက်သူနေရာမှာ မနေဘဲ ဘက်လိုက်ခဲ့တယ် ဆိုပြီး မနေ့က ပြောဆိုတယ်။

0 comments: