Saturday, March 8, 2008

မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂ

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်လ်ဒီ နဲ့ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ အဲန်အယ်လ်ဒီ ပါတီကပြောပါတယ်။

“သူတို့ အာဏာပိုင်တွေက မနက်ဖြန် နေ့ခင်းမှာ စီအီးစီ အဖွဲ့နဲ့ မစ္စတာ ဂမ်ဘာရီနဲ့ တွေ့မယ်လို့ လာအကြောင်းကြားထားပါတယ်။” လို့ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် ဦးအောင်တိုးတို့အား မစ္စတာ ဂန်ဘာရီသည် ရန်ကုန်မြို့တွင် ယနေ့ ၂ နာရီ ကြာ တွေ့ဆုံခဲ့သည် ဟုလည်း ဆိုသည်။

ကုသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး မစ္စတာအီဘရာဟင် ဂမ်ဘာရီ သည် ယမန်နေ့ကရန်ကုန်မြို့သို့ရောက်ရှိလာကာနိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်း၊အိုင်စီအာစီကိုယ်လှယ်များ၊နိုင်ငံခြားသံတမန်များနှင့်
တွေ့ဆုံခဲ့ပြီးယနေ့ပြန်ကြားရေးဝန်ကြီးကျော်ဆန်းနှင့် တွေ့ဆုံသည်။

မစ္စတာ ဂန်ဘာရီသည် ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ နအဖ စစ်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းသည် ဒုတိယအကြိမ်တွင် ဗိုလ်ချုပ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်မရခဲ့ပေ။ ယင်းခရီးစဉ် များနှင့်ပတ်သက်၍လည်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က တိုးတက်မှုနည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်

0 comments: