Monday, February 18, 2008

စိတ်ရဲ့ တံခါးမှာ ဆေးရောင်အဖြူသုတ်ထားပါ။

အငွေ့ ဘလောဂ့်မှ ကူးယူဖော်ပြသည် ။

မိတ် ဆွေ ခင်ပွန်းမရှိတဲ့ သစ်ပင်
စာ စာဝေ ပွင့်လန်းနိုင်မည်တဲ့လား
သန်းကြွယ် သူဌေးတစ်ယောက်ရဲ့
ရွှေ ရောင်အိပ်မက်….
လူ တစ်ရောက်ရဲ့ စိတ်ကြောင့်ပင် အဆုံးသတ်သွားစေနိုင်ရဲ့
သတ် ပုံ တွေကို ကိုယ့်သမိုင်းမှာ မှားမှားရေးကြရင်..
မာသမတ် ရှိနိုင်ပါ့မလား။
မား မားမတ်မတ် ရပ်တည်ခဲ့ပေမဲ့
ပေါ တစ်ယောက်လို့ အပြောခံရသေးတာပဲ..။
ရဲ ရဲတောက်နေတဲ့ အတွင်းစိတ်မီး
ပြည် လုံးချမ်းသာပါစေ လို့ ဆုမတောင်းခဲ့ဘူး ..ငါ မှ ငါ..
သို့ သော်လည်း… ငါတို့
သွား တွေဟာ ဖြူဖြူစင်စင် အစာကို ၀ါးစားဖို့ဘယ်တော့မှ စိတ်မကူးဘူး။

................................................................................

မနေ့တနေ့က အဖမ်းခံလိုက်ရတဲ့ ကဗျာဆရာ စောဝေရဲ့ အပြောင်
မြောက်ဆုံးရေး ဟန်နဲ့ ရေးသားထားပါတယ်။မိတ်ဆွေများ အဓိပ္ပယ်ပေါက်
ကြမယ်လို့လည်းထင် ပါတယ်။

0 comments: