NEJ/ ၅ ဖေဖော်ဝါရီ ၂၀၀၈
မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာပေါ်ရှိ ဘေးဒုက္ခနှင့် ရင်ဆိုင်နေရပြီး လျစ်လျူရှုခံထားရသည့် နိုင်ငံ များ၏ အရေးပေါ် အသက်ကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ကုလသမဂ္ဂက အမေရိ ကန်ဒေါ်လာ သန်း (၁၀၀) ကျော် ပေးအပ်သွားမည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။
အဆိုပါရန်ပုံငွေများကို မြန်မာနှင့် အခြားနိုင်ငံ (၁၅) နိုင်ငံတွင် ဖွင့်လှစ်ထားသည့် ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီများနှင့် ၎င်းတို့၏လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများကို ပေးအပ်မည် ဟုသိရသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာဌာန လက်ထောက်အတွင်းရေးမှူးချုပ် ဂျွန်ဟိုးလ်မတ်စ်က “ကမ္ဘာတ၀န်းမှာရှိနေတဲ့ အဆိုးဝါးဆုံးသော၊ အပြင်းထန်ဆုံးသော လူသားဆိုင်ရာကပ်ဒုက္ခ
တွေထဲ ပိတ်မိနေတဲ့ လူသန်းပေါင်းများစွာအတွက် ထောက်ပံ့မှုဟာ နောက်ဆုံးမျှော်လင့်ချက် အစိတ်အပိုင်းလေးဖြစ်နေတတ်တယ်” ဟု ပြောသည်။
ပေးအပ်မည့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၀၄.၂) သန်းအနက် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံက (၃၈) သန်း၊ အီသီယိုးပီးယားက (၁၀) သန်း၊ အိုင်ဗရီကို့စ်နှင့် ပါကစ္စတန်တို့က (၇) သန်း နှင့် ကျန်ငွေများကို မြန်မာ၊ ကင်ညာ၊ နီပေါ၊ အာဖဂန်နစ္စတန်၊ ဇင်ဘာဘွေ၊ ကင်မရွန်း စသည့် နိုင်ငံတို့ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုရန်ပုံငွေများကို ကုလသမဂ္ဂ၏ ဗဟိုအရေးပေါ် တုံ့ပြန်ရေးရန်ပုံငွေအဖွဲ့ (စီအီးအာအက်ဖ်) က စီစဉ်ပေးအပ်ခြင်းဖြစ်ပြီး အလှူရှင်များ ထည့်ဝင်သည့် အလှူငွေများ၏ (၃) ပုံ (၁) ပုံကို လူသားချင်း စာနာမှုဆိုင်ရာအကူ အညီပေးရန် လိုအပ်သည့်နိုင်ငံများသို့ နှစ်စဉ် ဖြန့်ဝေသည်။ ။
Wednesday, February 6, 2008
ကုလသမဂ္ဂ အရေးပေါ်ရန်ပုံငွေ သန်း (၁၀၀) ကျော်ကို မြန်မာအပါအ၀င် လျစ်လျူရှုခံရသည့်နိုင်ငံများအား ပေးမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment