(သို့ မဟုတ် - )
ကိုလှတင်အောင်
ဝင်းတင့်ထွန်း
(၁)
ကျနော်က အညာကျေးလက်သား၊ ဒါပေမဲ့ ကျနော်ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀တလျောက်မှာ၊ ချစ်ခင်ရင်းနှီးခဲ့ရသူ သံယောဇဉ်ဖြစ်ခဲ့
သူတွေထဲမှာ မြစ်ဝကျွန်းပေါ်သားတွေ တော်တော်များလှပါတယ်၊ မိုးခေါင်တောနဲ့ ပတ်ကြားမြေမာပေါ်က ထနောင်းရိပ်နဲ့ တမာပင်တန်း
တွေကြား မွေးဖွားကြီးပြင်းခဲ့ရပေမဲ့၊ မြစ်ချောင်းအင်းအိုင်တွေ အလီလီကြားက လမုနဲ့ ကနစိုတောတွေ ဗေဒါလမ်းတွေနဲ့ လဲ ရင်းနှီးကျွမ်း
ဝင် ဆုံစည်း ရင်ခုန်နိုင်ခွင့်ရ ခဲ့ပါတယ်၊ အထက်သား၊ အညာသား၊ မြေလတ်သား၊ မြစ်ဝကျွန်းပေါ်သား… ရယ်လို့ ဇာတိအားဖြင့် မွေးရာ
ဒေသအားဖြင့် မတူခြားနားကြပေမဲ့၊ ဧရာဝတီ နဲ့ အမိဗမာပြည်ကို ချစ်ကြရာမှာ ရင်ခုန်သံချင်း တူခဲ့သူများအဖို့ ၊ အပြန်အလှန်နားလည်
ပေါင်းစည်းနိုင်ကြပါတယ်။
‘ထနောင်း တမာ၊ လတာ လမု’ ရှုခင်း ရှုကွက်တွေအပေါ် မြတ်နိုးချစ်ခင်တတ်မှု ရင်ခုန်သံထက်၊ ဧရာဝတီတခု
လုံးအပေါ် အမိနိုင်ငံတခုလုံးအပေါ် မြတ်နိုးချစ်ခင်တတ်မှု ရင်ခုန်သံက ပိုမိုမြန်ဆန်တက်ကြွနွေးထွေးနက်ရှိုင်းစေတတ်တာ သဘာဝပဲ
မဟုတ်လား။
မြစ်ဝကျွန်းပေါ်မှာ ‘ဘိုကလေး’ဟာ လှပတဲ့မြို့ တမြို့ ဖြစ်ရုံမက၊ တက်ကြွတဲ့ မြို့ တမြို့ ။ ဖျာပုံ နဲ့ ဘိုကလေးကို တွဲ တွဲပြီး။ ‘ဖျာပုံ-
ဘိုကလေး’‘ဖျာပုံ-ဘိုကလေး’လို့ လဲ တချို့ က၊ အထူးသဖြင့် ကျနော်တို့ အညာဘက်က ခေါ်ကြ အမှတ်အသားပြုကြပါတယ်။
ဘိုကလေးလို့ ပြောလိုက်တာနဲ့ တဆက်တည်းလိုလို ကပ်ပါလာတာက ‘ငွေသောင်ယံ’နဲ့ ‘မိန်းမလှကျွန်း’ ပါ။ ငွေသောင်ယံ နဲ့ မိန်းမလှကျွန်း
ဟာ ဘိုကလေးရဲ့ ပထ၀ီသမိုင်းကို လှလှပပဆေးသားခြယ်ပေးထားသလိုပါ ပဲ။ ဘိုကလေးကနေ အောက်ဖက် ဆက်ပြီးဆင်းသွားရင်။
‘ကဒုံ - ဧရာ’အထိ၊ ပင်လယ်ဝအထိ။ ပင်လယ်ဝအထိ ထွက်မယ့် မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့အတိုင်း ဓနိတော၊ လမုတော၊ ကနစိုတော
တွေဟာ နေရာအနှံ့ စိမ်းညို့ နေသလို၊ မြစ်ပြင်ကျယ် ရေလွှာဖွေးဖွေးပေါ်မှာ လှေ သမ္မာာန် မော်တော် သင်္ဘော သစ်ဖေါင် ၀ါးဖေါင်တွေ
ဟာလဲ ဥဒဟို စုန်ဆန်လှုပ်ရှားနေကြပါတယ်။
ဆန်စက်၊သစ်စက်ခေါင်တိုင်တွေ၊ မီးသွေးဖုတ်ရာ မီးသွေးဖိုတွေကနေ မီးခိုးတွေတလူလူ
ထွက်နေတာကိုလဲ ၀ဲယာအနှံ့ တွေ့ မြင်နေရပါတယ်။ လယ်သမား ခြံသမား၊ ရေလုပ်သား၊ မီးသွေးဖုတ်သမား လုပ်စားကိုင်စားအလုပ်
သမားမျိုးစုံတွေ့ ရသလို အရောင်းအ၀ယ် လုပ်အိုင်စားကျင်းတော်တော်ကျယ်ပြောပြီး စီးပွားရေးအချက်အချာကျလှတဲ့ ဧရာဝတီရဲ့ 
ရင်နှစ် မြို့ ငယ်လေးတမြို့ ပါ ။
ဒီမြို့ လေးဟာ လှပစိမ်းလန်းတဲ့ ပထ၀ီသွင်ပြင်အနေအထားရှိခဲ့သလို၊ နိုးကြားတက်ကြွတဲ့ သမိုင်းအစဉ်
အလာတွေလဲ ရှိခဲ့ပါတယ်။ ငွေသောင်ယံတကြောမှာ တော်လှန်တဲ့သေနတ်သံတွေ ညံစည်ခဲ့ဖူးသလို၊ ထော်ပိုင်တ၀ိုက်မှာလဲ တိုက်ပွဲခေါ်
သံ တိုက်ပွဲဖော်သံတွေ တော်လှန်ဒီရေအတိုင်း မဆိုင်းမတွ ပေါ်ထွန်းခဲ့ဖူးပါတယ်။
ဒီမြို့ လေးကနေ ဂျာနယ်ကျော်မမလေးလို အနုပညာရှင်တယောက်ကို မွေးထုတ်ပေးခဲ့သလို၊ ကိုဗဆွေလေးလို အထင်ကရကျောင်း
သားခေါင်းဆောင်တယောက်ကိုလဲ မွေးထုတ်ပေးခဲ့ပါတယ်။
ကိုဗဆွေလေးဟာ ထက်မြက်တဲ့ကျောင်းသားခေါင်းဆောင်ကောင်းတယောက်
ဖြစ်ခဲ့ရုံမက တော်လှန်တဲ့ကျောင်းသားထုအတွင်း အင်မတန်အရှိန်သြဇာ ရှိခဲ့ပါတယ်။ ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ လူကို
ချစ်ခင်လေးစားခံခဲ့ရရုံမက၊ လက်ရေးကိုတောင် စံထားအတုယူခြင်းခံခဲ့ရသူမျိုးဟာ ကိုဗဆွေလေးတယောက်ထဲပဲ ရှိမယ် ထင်ပါတယ်။
စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဆန့် ကျင်တွန်းလှန်တိုက်ပွဲဆင်ခဲ့ကြတဲ့။ တော်လှန်တိုးတက်တဲ့ ဗကသ-တကသကျောင်းသား
လှုပ်ရှားမှုသမိုင်းကာလမှာ ‘လက်ဝဲစာလုံး’လို့ ရေပန်းစားအခေါ်ခံခဲ့ရ၊ အသိအမှတ်ပြု စံတင်အတုယူခြင်းခံခဲ့ရတဲ့ လက်ဝဲစာလုံးလက်
ရေးဆိုတာဟာ ကိုဗဆွေလေးရဲ့ လက်ရေးပါ ။
အဲဒီလို ထက်မြက်တဲ့ ကျောင်းသားခေါင်းဆောင်ကိုဗဆွေလေးရဲ့ ရှေ့ ဆောင်မှုအောက်မှာ၊
ကိုဗဆွေလေးရဲ့ တော်လှန်တိုးတက် ထက်မြက်နိုးကြားတဲ့လမ်းကြောင်းအတိုင်း၊ ကိုဗဆွေလေးနဲ့ အတူ ဖ၀ါးခြေထပ် ထက်ကြပ်မကွာလိုက်
ပါ လှုပ်ရှားခဲ့ကြတဲ့၊ ဘိုကလေးသား ကျောင်းသားခေါင်းဆောင်တွေလဲ အစီအရီ ထွက်ပေါ်လာခဲ့ပါတယ်။ (၁၉၆၀)ပြည့်နှစ်ဝန်းကျင် -
ကျောင်းသားလှုပ်ရှားမှုသမိုင်း၊ သမိုင်းဝင်ဗကသ-တကသလှုပ်ရှားမှုသမိုင်းမှာ၊ ဗကသခေါင်းဆောင်-တကသခေါင်းဆောင်ဖြစ်ခဲ့ကြသူ
ကျောင်းသားခေါင်းဆောင်တွေထဲမှာ ဘိုကလေးသားတွေ အပြိုင်းအရိုင်း အစီအရီ တွေ့ ရပါမယ်။ တပ်ဦးကနေ ပါဝင်ခဲ့ကြတဲ့၊ ကျောင်း
သားခေါင်းဆောင်ဘိုကလေးသားတွေကတော့၊ အသက်အရွယ် အစဉ်အလာအတိုင်း ပြောရမယ်ဆိုရင်- ကိုလှရွှေ ၊ကိုလှကြည်၊ ကိုလှတင်အောင်။
သူတို့ (၃)ယောက်စလုံးဟာ ကျနော်နဲ့ ရင်းရင်းနှီးနှီး ဆက်စပ်ပတ်သက်ခဲ့ဖူးပါတယ်။
သူတို့ (၃)ယောက်စလုံးကို ကျနော်က အကိုကြီးလို့ ပဲ ခေါ်ဝေါ်ခဲ့ပါတယ်။ ထောင့်သုံးရာပြည့် (၁၉၃၈)ဖွားလို့  မှတ်မိနေရဖူးတဲ့
အကိုကြီးကိုလှရွှေ ကိုလှကြည်တို့ နဲ့ နှိုင်းစာရင် ကိုလှတင်အောင်က သူတို့ ထက် သုံးလေးနှစ်လောက် ငယ်ပါတယ်။ သုံးယောက်စလုံး
ဟာ ဗကသ၊ တကသ ကလာတဲ့ ကျောင်းသားခေါင်းဆောင်တွေဖြစ်ခဲ့ကြပြီး၊ ကိုလှတင်အောင်ဟာ ဘိုကလေး ကျောင်းသားသမဂ္ဂဥက္ကဌ၊
ဖျာပုံခရိုင် ကျောင်းသားသမဂ္ဂအတွင်းရေးမှူးတာဝန်တွေပါ ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ကိုလှကြည်နဲ့ ကိုလှတင်အောင် တို့ နှစ်ယောက်ဟာ
ဗိုလ်နေ၀င်းစစ်အစိုးရ ရဲ့ ကောက်ကောက်ကျစ်ကျစ်ယုတ်မာမှုအောက်မှာ၊ ၁၉၆၉ ခုနှစ်ထဲမှာ ကိုကိုးကျွန်းအထိ အပို့ ခံခဲ့ရဖူးပါတယ်။
အဲဒီ (၆၉)ခုနှစ် အသုတ်မှာပဲ၊ ကိုကိုးကျွန်းထိအောင် အပို့ ခံခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဘိုကလေးသားချည့် (၃)ယောက်
ရှိ ပါတယ်။ ကိုလှကြည် ကိုလှတင်အောင်တို့ အပြင်၊ နောက်တဦးကတော့ ကိုသိန်းဆွေ ပါ။ မြစ်ဝကျွန်းပေါ်သားတွေ ဖြစ်တဲ့အပြင်၊ ပင်လယ်ဝနဲ့ ရင်းနှီးခဲ့ဖူးသူတွေဖြစ်ပေမဲ့၊ စစ်အစိုးရက ပို့ ဆောင်လိုက်တဲ့ ပင်လယ်ထဲက ကိုကိုးကျွန်းဟာ သူတို့ အတွက် ခါးသည်းနာကျင်
စရာ၊ အသဲထဲ စွဲနေအောင် ကမŠည်းတင်ထားရမယ့်နေရာတခု ဖြစ်ခဲ့ပါတယ်။ သူတို့ ရဲ့ လူမှုရေးဘ၀၊ နိုင်ငံရေးဘ၀တွေအားလုံးကို တရိရိ
နဲ့ မသေသေအောင် အသေသတ်ဖို့ ၊ စစ်အစိုးရက ညစ်ညစ်ပတ်ပတ်ယုတ်ယုတ်ကန်းကန်းနဲ့  အကွက်ချ ကြံစည်လုပ်ဆောင်ခဲ့တာ ဖြစ်ပါ
တယ်။ ဒါပေမဲ့ ဘယ်နေရာပဲ ရောက်ရောက်၊ ဒူးမထောက်တတ်သူတို့ ရဲ့ အံတုသံဟာ တုန့် ပြန်တိုက်ပွဲတွေနဲ့ ဖေါ်ပြဟစ်ကြွေးခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများရဲ့ အမြင့်ဆုံးတိုက်ပွဲသဏ္ဌာန်တခုဖြစ်တဲ့ အစာငတ်ခံတိုက်ပွဲကြီးငယ်ပေါင်းစုံဟာ (ဖေါက်ပြန်သူတွေ မယုံကြည်
နိုင်လောက်အောင်)ပုံသဏ္ဌာာန်အမျိုးမျိုးနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ ငပိ တိုက်ပွဲ၊ ရက်(၄၀)တိုက်ပွဲ၊ (၅၃)ရက်တိုက်ပွဲ ဆိုတဲ့ အစာငတ်ခံတိုက်ပွဲ
အလီလီ ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီလို ပေါ်ပေါက်ခဲ့တဲ့ တိုက်ပွဲတွေကြားထဲမှာ၊ ကိုလှကြည်၊ ကိုလှတင်အောင်နဲ့ ကိုသိန်းဆွေတို့ လို ဘိုက
လေးသား ဘိုကလေးဖွားတွေဟာလဲ ကျရာနေရာ ရောက်ရာအရပ်ကနေ ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်ရဲဘော်ကြီးတွေ ဖြစ်ခဲ့ကြရင်း၊
မီးပြင်းမီးတောက်ကြား ဖြတ်သန်းခဲ့ကြသူတွေ ဖြစ်ခဲ့တယ်။
ကိုကိုးကျွန်းဖျက်သိမ်းပေးရေး အစာငတ်ခံတိုက်ပွဲသမိုင်းဟာ ဗမာပြည်အကျဉ်းထောင်သမိုင်းမှာ မှတ်တမ်းတင်ထားရမှာ ဖြစ်သ
လို၊ ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာလဲ မော်ကွန်းတင်ထားရမယ့် တကယ့်အဖြစ်အပျက်ကြီးတခု ဖြစ်ပါတယ်။
ကိုကိုးကျွန်းသို့ အပို့ ခံခဲ့ရတဲ့အပြင်၊ ကျွန်းဖျက်သိမ်းပေးရေး(၅၃)ရက်ကြာအစာငတ်ခံတိုက်ပွဲထဲမှာပဲ ရဲရဲရင့်ရင့်ဂုဏ်ရောင်ပြောင်
စွာ အသက်ပေး ပြသသွားခဲ့သူ၊ ကိုကိုးကျွန်းအာဇာနည်တဦးဖြစ်သူ။ မန်းတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးလဲ ဖြစ်။
ကဗျာ
ဆရာလဲ ဖြစ်သူ ‘ကိုလေးမောင်’ကတော့၊ ‘ကိုကိုးကျွန်း’ကို - -
‘ ဒီမှာ ပင်လယ်ပြာ -
ဒီမှာ ငွေလွှာသဲသောင် -
ဒီမှာ ကျောက်ဆောင်မဟူရာ-
ဒီမှာ ဆတ်သွားတော
ဘိစပ် တော - -
ရှည်မျော သောင်ကမ်း
အုန်းတန်း ယှက်မိုး -
ကျွန်းကိုကိုးမှာ - - -’ တဲ့။။
ဘိုကလေးသားတွေဖြစ်တဲ့ ကိုလှတင်အောင်တို့ ကိုလှကြည်တို့ အဖို့ တော့၊ ဘိုကလေး ငွေသောင်ယံပေါ်က တိုက်ပွဲခေါ်သံ၊
တိုက်ပွဲဖေါ်သံ၊ တော်လှန်တဲ့သေနတ်သံတွေကို ကြားနာခဲ့ရရာက၊ ကိုကိုးကျွန်းရဲ့  ငွေလွှာသဲသောင်ပေါ်က သွေးသမိုင်းမော်ကွန်းတင်သံ၊
အံကြိတ်သံ၊ စိမ်ခေါ်သံ၊ အံတုတုန့် ပြန်သံတွေနဲ့ ပါ ကိုယ်တိုင်ကိုယ်ကျ ဆက်လက်ကြုံတွေ့ ကြားနာ ဖြတ်သန်းလိုက်ရတဲ့အခါ၊ အရင်ကတည်းက တည်ရှိနေခဲ့ပြီးသား စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေးစိတ်ဓါတ်ဟာ ပိုမိုပြတ်သားခိုင်မာလေးနက်လာခဲ့ရပါတော့တယ်။
ငွေသောင်ယံမှ ငွေလွှာသဲသောင်အထိအတွင်း၊ ကြယ်နီတွေ အရောင်တဖျတ်ဖျတ် တောက်ပ ၀င်းလက်ခဲ့ကြတာကိုလဲ ကိုယ်တိုင်ကိုယ်ကျ
မြင်သိခံစားခဲ့ရသူတွေ ဖြစ်လာခဲ့ကြပါတယ်။ သူတို့ ကိုယ်တိုင်လဲ - -
0 comments:
Post a Comment