ဆုံဆည်းရာ၊ ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၀၈ ခုနှစ်
ယမန်နေ့ (၁၆၊ ၁၊ ၂၀၀၈)နံနက် ကျောက်ကြီးကနေ ရန်ကုန်ကို ထွက်လာတဲ့ ရွှေခရီးသည်မော်တော်ယာဉ်လိုင်း က အောင်ဓန အမည်ရှိမှန်လုံကား ယာဉ်အမှတ် ၅ခ/၃၆၄၄ ကား ဟာ ပဲခူးပျဉ်ပုံကြီး အရောက် ခရီးသည်များ ခေတ္တအနားယူ လက်ဖက်ရည် ဆင်းသောက်တဲ့အချိန်မှာ ကားပေါ်မှာ ကျန်တဲ့ စပယ်ယာ မောင်လွင်စိုးက ကားနောက်မှီ ပိုင်းမှာရှိတဲ့ ကြံသကာ အိတ်ကို ဆွဲအမ ပေါက်ကွဲမှု ဖြစ်ပွားပြီး စပယ်ယာ မောင်လွင်စိုး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ပေါက်ကွဲချိန်ကတော့ နံနက် (၀၈၃၀)ချိန် ဖြစ်ပါတယ်။
Thursday, January 17, 2008
ကျောက်ကြီး-ရန်ကုန်အဝေးပြေးကားလမ်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment