ဒဂုန်တာရာ
လွန်ခဲ့ဂရ
နှစ်များဖြတ်သန်း၊ အိုမင်းမစွမ်းပြီ
ငါမွေးစကတည်းက၊ မြင့်နေကြပြီ
နေလကြယ်များ၊ ဖူးငုံကြရာ
ကောင်းကင်ပြာကြီး ပေတကား။
ငါဖွဲ့ရာသီ
ပုံချပ်လွှာတို့၊ နေရာများပင်
တပိုင်းကအပြာ၊ အမှောင်သစ်လင်း
ဝင်းလိုက်မိုက်လိုက်၊ မှိုင်းလိုက်နုလိုက်
သမိုင်းဟူသည်၊ ပန်းချီဆေးစက်
ဘ၀ဟူသည်၊ အရောင်ပြိုးပြက်
အတ္တပုံတူ ရုပ်ပုံလွှာ။
ဧရာဝတီ
ဒုတ္ထ၀တီ၊ သလ္လာဝတီ
အာရေဗျမှာ၊ ဥရောပမှာ
သုနပရန္တ၊ တပ္ပ၀တီ
ပစိဖိတ်နှင့်၊ ဗော်လဂါမှာ
ဘောက်တူလှေမှာ၊ သံလမ်းပေါ်မှာ
ရေလှိုင်းပေါ်မှာ၊ တိမ်တိုက်ပေါ်မှာ
ငါလျှင်သွားလာ၊ ခံစားရာကား
သည်ကောင်းကင်များ၊ ဤမြေကြီးပါပဲ
သည်မှာနီဝါ သည်မှာကြယ်ပွင့်
သည်မှာလမြ၊ သည်မှာပန်းပွင့်
မွှေးမြအရောင်၊ နှင်းကျသံ။
ကောင်းကင်မြပြာ
ကြယ်တွေကြွေကျ၊ သစ်ကိုင်းကျိုးကျ
တဖြတ်ဖြတ်လျှင်၊ ဘ၀လျှပ်ကြောင်း
ရေးမှတ်သူတို့၊ မှောင်လိုက်လင်းလိုက်
ကြယ်တွေဖိတ်လက်
ကမ္ဘာထက်မှာ၊ ငါလျှင်လှုပ်ရှား
သွားလာရင်ခုန်၊ ကြယ်ပွင့်များစွာ
ပြိုးပြက်ရာတွင်၊ ကြယ်ပွင့်များစွာရှိကြရာ။
ရုပ်ရှင်တေးကဗျာ၊ ဖေဖော်ဝါရီလထုတ် အတွဲ(၂၄)၊ အမှတ် (၂)
Wednesday, January 23, 2008
ကြယ်ပွင့်ဖူးတင့် ကောင်းကင်ပြာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment