ကိုရင်ဒေါင်း
နိုင်ငံရေးသမားတယောက်၊ နိုင်ငံရေးပါတီတရပ်အဖို့ အကြီးမားဆုံးနဲ့ အဆိုးဝါးဆုံးဝဋ္ဋ် ဒုက္ခကတော့ ကိုယ့်တိုင်းပြည်ရဲ့ပြည်သူ လူထုဘ၀နဲ့ ကင်းကွာရတဲ့ အဖြစ်လို့ပြောရမှာပဲ။ အကြောင်းကတော့ လူထုဘ၀နဲ့ကင်းကွာတဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီဟာ စိတ် ကူးတည့်ရာ အာပေါင်အာရင်းသန်သန် ပြောချင်ရင်ပြောနိုင်ပေမယ့် လက်တွေ့ဘ၀မှာ ဘာကိုမှဖြစ်မြောက်အောင် မြင်အောင် လုပ်နိုင် စွမ်းရှိမှာ မဟုတ်လိုကပါပဲ။
ဒီနေရာမှာ ပြည်သူလူထုကို ဖိနှိပ်နေတဲ့ အုပ်စိုးသူများရဲ့ နိုင်ငံရေးပါတီတွေ၊ ယုံကြည်ချက် မည်မည်ရရမရှိပဲ ကိုယ်ကျိုးစီးပွား အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို မရည်ညွှန်းလိုပါဘူး။ သူတို့ဟာ ပြည်သူလူထုအကျိုး လုပ်ရာကနေ အကြောင်းအမျိုးမျိုကြောင့် လူထုနဲ့ကင်းကွာသွားရတယ်ဆိုတာထက် ကနဦးကတည်းက လူထုဆန့်ကျင်ရေး အင်အား စုတွေ ဖြစ်နေလိုကပါပဲ။
ကျနော်အဓိကပြောချင်တာက ယုံကြည်မှုတခုခုကိုဆုပ်ကိုင်ပြီး ပြည်သူလူထုအတွက် ရိုးရိုးသားသား ကိုယ်ကျိုးစွန့်လုပ်ကိုင် နေတဲ့ဘကားက လူထုနဲ့ကင်းကွာကြရ၊ လူထုယုံကြည်ကိုးစားမှုကို ထင်သလောက်မရရှာကြတဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီတွေရဲ့ အဖြစ်ကို အကျဉ်းချုပ်ပြောချင်တာပါ။ အဲဒီလိုစိတ်မကောင်းစရာ အဖြစ်မျိုးတွေဟာလက်တွေ့ဘ၀မှာ အမှန်တကယ်ရှိခဲ့ပါတယ်။ အခု လည်းရှိနေသလို နောင်လဲ စင်းလုံးချောရှောင်လွဲဖိုက ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
ကိုယ်က အဖိနှိပ်ခံလူထုဘက်က အမှန်တကယ်ရပ်တည်ပြီး ဖိနှိပ်သူကို တိုက်ပွဲသဏ္ဍာန်မျိုးစုံနဲ့ တက်ကြွစွာတိုက်ပွဲဆင်တယ်။ ဒီလိုတိုက်ပွဲဆင်ရင် လူထုကြီးရဲ့ အားပေးထောက်ခံမှုကို အပြည့်အ၀မလွဲမသွေရမယ်လို့လည်း မျှော်လင့်ထားတ။်၊ ဒါပေမယ့် လက် တွေ့မှာ ကိုယ်ထင်သလောက်ဖြစ်မလာဘူး။ လူထုပါဝင်မှုမလုံလောက်လို့ ဆုံးရှုံးနစ်နာမှုတွေတောင်ကြုံရတယ်။ ဒီလိုအခြေအနေမျိုး ကြုံပြီး ဆိုရင် နိုင်ငံရေးခေါင်းဆောင်တွေ၊ ပါတီတွေဟာ လူထုအပေါ်သံသယ ၀င်လာတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ဦးစွာလုပ်သင့်တာကတော့ မိမိကိုယ်ကိုယ် ဝေဖန်ဆန်းစစ်တာ၊ လူထုထင်မြင်ချက် ဝေဖန်ချက်ကို ရယူပြီး ပြုပြင်သင့်တာပြုပြင်ရေးပါပဲ။၊
ဖေါ်ပြပါအခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရေးနဲ့ လူထုဝေဖန်ရေးကိုမခံယူပဲ လူထုအပေါ်သာ သံယရှိနေမယ်ဆိုရင် အကျိုးဆက်ဟာ တဆင့်တက်လာမှာဖြစ်ပါတယ။၊ လူထုအပေါ် သံသယ၀င်နေရာကတဆင့် အဆိုးမြင်လာမယ်။ ငါတို့က အနစ်နာခံ အသေခံပြီးတိုက်ပွဲဝင်တယ်၊ ဒီလိုကိုယ်ကျိုးစွန့် ရှေ့ဆောင်နေလျက်နဲ့ ပူးပေါင်းပါဝင်မှုမရှိကြဘူး စသဖြင့် လူထုကို အထင်သေးလာမယ်။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်သူရဲကောင်း လူထုကျေးဇူးရှင် အဖြစ်မြင်လာမယ်။ လူထုကို အပေါ်စီးကငုံ့ကြည့်ပြီး လူထုဆန့်ကျင်ရေးတွေ လုပ်မိလာမယ်။ နောက်ဆုံးလူထုနဲ့ လုံးဝအဆက်ပြတ်တဲ့ ဘ၀ရောက်သွားမယ်။ လူထုနဲ့အဆက်ပြတ်သွားပြီး တစတစဝေးသွားတာနဲ့အမျှ လူထုရန်သူနဲ့တဖြည်းဖြည်း နီးသွားရတော့တယ်။ ဒါဟာသဘာဝကျတဲ့ ဖြစရိုးဖြစ်စဉ်ပါပဲ။
ကိုယ်ကယုံကြည်ချက်တခုခုနဲ့ လူထုအတွက် ရိုးရိုးသားသား တိုက်ပွဲဝင်နေပါလျက်နဲ့ လိုအပ်သလောက် လူထုထောက်ခံ ပါဝင်မှုမရရင် လူထုအပေါ်သံသယ၀င်၊ အဆိုးမြင်တာဟာ မှန်ကန်တဲ့အဖြေရှာနည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရေး၊ လူထု ထင်မြင်ချက်တွေကို အခြေခံပြီးကိုယ်ရဲ့ လမ်းစဉ်၊ ပေါ်လစီ၊ စည်းရုံးရေးလုပ်ဟန်စတာတွေကို ပြန်လည်စစ်ဆေးတာ၊ လိုအပ်သလိုပြုပြင် တာတွေ လုပ်သင့်တယ်။ ဘယ်အချက်တွေမှာ လူထုဘ၀ ဆျန္ဒ အကျိုးစီးပွားတွေနဲ့ ကင်းကွာနေသလဲဆိုတာ အဖြေရှာသင့်တယ်။
လူထုဆိုတာ ကျနော်တို့စိတ်ဆန္ဒနဲ့မဆိုင်ပဲ သူ့ပင်ကိုယ်ပကတိဘ၀ အခိုင်အမာနဲ့ ဖြစ်ပေါ်တည်ရှိနေတာဖြစ်တယ။၊ လူထု အတွင်းမှာ လူမျိုး၊ လူတန်းစား၊ လူအလွှာဆိုပြီး ကိုယ်စီထူးခြားမှုရှိတဲ့ ထုတ်လုပ်ရေးဘ၀ လူမှုစီးပွားရေးအဆင့်နေရာ လူမျိုးဆိုင်ရာ သမိုင်းနောက်ခံ စတာတွေနဲ့ တည်ရှိနေတာဖြစ်တယ်။ အဲဒီ ပကတိတည်ရှိမှုတွေကို ကိုယ့်စိတ်ကူးဆန္ဒတွေနဲ့ ဖြည့်စွက်တာ နှုတ်ပယ်တာ အမောက်တပ်တာ ဖြုတ်တွေလုပ်လို့မရဘူး။ လူထုတွင်းက မတူတဲ့လူမျိုး၊ သမိုင်းနောက်ခံ၊ လူတန်းစား၊ လူ့အလွှာ ထုတ်လုပ်ရေး ဘ၀၊ စီးပွားရေးလူနေမှုအဆင့် စတာတွေအရ မတူတဲ့နိုင်ငံရေးရည်မှန်းချက် တိုက်ပွဲဆိုင်ရာ အမြင် နည်းနာ တိုက်ပွဲဝင်စွမ်းရည် ပါဝင်နိုင် မှုအတိုင်းအတာ စတာတွေကွာခြားလေ့ရှိတယ်။ လူထုဆိုတဲ့ တူညီတဲ့ဘ၀အရ တူညီတဲ့ဘုံအကျိုးစီးပွား၊ ဘုံနိုင်ငံရေးရည်မှန်းချက်၊ ဘုံ တိုက်ပွဲသဏ္ဍာန်တွေရှိတယ်။ အဲဒီလိုတူညီမှု မတူညီမှုွေ့နဲဏ္ဍ ဖွဲ့တည်နေတဲ့ လူထုဘ၀ပကတိအခြေနေကို အခြေခံအရ သိမြင်နား လည်အောင်လုပ်ရေးဟာ လူထုအတွက် တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီတွေမလုပ်မဖြစ်တဲ့ အရေးကြီးတာဝန် ဖြစ်တယ် လို့ နားလည်တယ်။
လူထုကို ဘယ်သဏ္ဍာန်နဲ့စည်းရုံးရမယ်။ လူထုကြီး (လူမျိုး၊ လူတန်းစား၊ လူ့အလွှာ) စုစည်းညီညွတ်လာအောင် ဘယ်လို ဆောင်ရွက်ရမယ် ဘယ်အချိန်မှာ ဘယ်လိုတိုက်ပွဲကြွေးကြော်သံနဲ့ လှုံ့ဆော်ပြီး ဘယ်လိုတိုက်ပွဲသဏ္ဍာန်ကိုခင်းကျင်းပေးရမယ် စတာ တွေကို လူထုအခိုင်အမာဘ၀က ပြဌာန်းပေးတာဖြစ်တယ။၊ နိုင်ငံရေးလမ်းစဉ်၊ ပေါ်လစီ စတာတွေဟာ အဲဒီလူထုဘ၀ပြဌာန်းချက် အ တွင်းက မွေးဖွားလာတဲ့ အရာတွေသာဖြစ်တယ်။ ဒါကြောင့် လူထုနဲ့မကင်းကွာရေးအတွက် လူထုဘ၀အခိုင်အမာကို ပကတိအတိုင်း နားလည် အောင်လုပ်ရေးဟာ အရေးကြီးတယ်လိုက ပြောရခြင်းဖြစ်တယ်။
ကိုယ့်ပြည်သူလူထုရဲ့ အခိုင်အမာဘ၀ကို အဆင်းရဲအပင်ပမ်းခံ မလေ့လာပဲ ကိုယ့်တိုင်းပြည်အကြောင်း ရေးထားတဲ့ မြန်မာ အရေးကျွမ်းကျင်သူဆိုတဲ့ နိုင်ငံခြားသားပညာရှင်ဆိုသူတွေရဲ့ စာအုပ်တွေကနည်းနည်း ဟိုတိုင်းပြည် သည်တိုင်းပြည်ရဲ့ တိုက်ပွဲအတွေ့ အကြုံတွေကို ရေးထားတဲ့ စာအုပ်တွေထဲကနည်းနည်း ကိုယ်ပိုင်အတွေ့အကြုံနဲက စိတ်ကူးစိတ်သန်းတွေထဲကနည်းနည်း စတဲ့ ကောင်းနိုး ရာရာတွေကို ဆယ့်နှစ်မျိုးချင်းသုပ်လုပ်ပြီး လူထုတိုက်ပွဲလမ်းစဉ်ချလို့ကတော့ “ဟုတ်ပါ့မလား မောင်ကာဋ္ဋုရဲ့” လို့ လူထုကြီးက မေးမှာ သေချတယ်။
ကျနော်တို့ပြည်သူလူထုဟာ နိုင်ငံရေးတိုက်ပွဲ အတွေကအကြုံအစဉ်အလာ အလွန်ကြီးမားတယ်။ နယ်ချဲက၊ ဖက်ဆစ် ဆန့်ကျင်ရေး အတွေကအကြုံသာမက၊ ပြည်တွင်းစစ်အနှစ် ၆၀ နီးပါး အတွေ့အကြုံလည်းရှိတယ်။ အုပ်စိုးသူအဆက်ဆက်ရဲ့ လိမ်ညာမှိုင်းတိုက်မှု၊ ဖိနှိပ် ချုပ်ချယ်မှုကို ခါးခါးသီးသီးခံစားဖူးသလို အုပ်စိုးသူအဆက်ဆက်ကို ခုခံဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ ဥပဒေတွင်း၊ ဥပဒေပ အတိုက်အခံ နိုင်ငံရေးအင်အားစုများနဲ့လည်း ထဲထဲဝင်ဝင်ပတ်သက်ခဲ့ဖူးတယ်။ ဒါကြောင့် အစိုးရအဆက်ဆက်နဲ့ အတိုက်အခံ နိုင်ငံရေးအင်အား စုတွေကသာ ပြည်သူလူထုအကြောင်း မှန်မှန်ကန်ကန် နားမလည်ရင်ရှိမယ်။ လူထုကြီးကတော့ အစိုးရအဆက်ဆက်နဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအကြောင်း အူမချေးခါး မကျန်သိတယ်။ ပါးစပ်ဟရုံနဲ့ အူဘယ်နှစ်ခွေရှိတယ်ဆိုတာ မြင်တယ်။
တိုက်တလုံး ကားတစီး ၀င်ငွေရှစ်ရာ ပြည်တော်သာရမည်။ မြန်မာ့နည်းဖြင့် ဆိုရှယ်လစ်လောကနိဌာန်သို့ ချီတက်အံ့။ စည်း ကမ်းပြည့်ဝသော ဒီမိုကရေစီစတဲ့ ခေတ်အဆက်ဆက် အုပ်စိုးသူတွေရဲ့ လိမ်ညာမှိုင်းတိုက် ဖိနှိပ်မှုအောက်မှာ ပြည်သူလူထုကြီးဟာ လောကငရဲကျခဲ့ရတယ်။ သူတို့ရဲ့ကိုယ်ပိုင် ဘ၀အတွေ့အကြုံအရ လူထုကြီးက အစိုးရအဆက်ဆက်ကို “သူခိုး။ ဓားပြ။ လူလိမ်တွေ”လို့ တညီတည်းသတ်မှတ်တယ်။ လူထုကြီးရဲ့ မှန်ကန်တဲ့ ကောက်ချက်ပဲ။ အဲဒီကောက်ချက်ကို မတူတဲ့ကာလအလိုက် သိမီတဲ့လူထုကြားမှာ လေ့လာဘကည့်ရင်သိနိုင်တယ်။
လူထုဘကီးဟာ အနှစ်ခြောက်ဆယ်နီးပါး ခံစားနေရတဲ့ လောကငရဲက လွတ်မြောက်လိုကြတယ်။ ဒါကြောင့် အတိုက်အခံနိုင်ငံ ရေးအင်အားစု (ဥပဒေတွင်း၊ ဥပဒေပ၊ လက်နက်ကိုင်၊ လက်နက်မကိုင်) တွေကို နည်းမျိုးစုံနဲကထောက်ခံအားပေးခဲ့ကြတယ်။ သာမန် ထောက်ခံတာမဟုတ်ဘူး။ သူတိုကဘ၀နဲက အသက်တွေကိုပါ စတေးပြီး ထောက်ခံခဲ့ကြတာဖြစ်တယ်။ ဒါပေမယ့် အတိုက်အခံနိုင်ငံရေး အင်အားစုတွေဟာ လူထုကြီးရဲ့ နိုင်ငံရေးမျှော်မှန်းချက်၊ လိုအင်တွေကို ဖြည်းဆည်းပေးနိုင်ခြင်းမရှိကြဘူး။ မရှိကြသေးဘူး။ အတိုက်အခံ နိုင်ငံရေးအင်အားစုများအနေနဲ့ မိမိတိုကတိုက်ပွဲခရီးကို ဘယ်လိုနိဂုံးချုပ် သင်ခန်းစာထုတ်ထားတယ်ဆိုတာ လူထုကြီးအသေအချာသိခွင့် မရကြသေးဘူး။ လူထုကြီးကတော့ အတိုက်အခံအင်အားစုများနဲ့တိုက်ပွဲကို တညီတညွတ်တည်း နိဂုံးချုပ်သင်ခန်းစာ ထုတ်ထားတချက် ရှိတယ်။ လူမျိုးတမျိုး၊ လူတန်းစားလူ့အလွှာတရပ် နေရာဒေသတချို့မှာသာ ထုတ်ယူထားတဲ့ သင်ခန်းစာမဟုတ်ဘူး။ တတိုင်းပြည်လုံး ပြည်သူတရပ်လုံးက အနှစ်ခြောက်ဆယ်နီးပါး အတွေ့အကြုံကို ချုပ်ယူထားတဲ့သင်ခန်းစာဖြစ်တယ်။ အဲဒါကတော့ ‘အတိုက်အခံ နိုင်ငံ ရေးအင်အားစုတွေ အချင်းချင်းမညီညွတ်ဘူး။ အတိုက်အခံအင်အားစုတွေ အချင်းချင်းမညီညွတ်ရင် အောင်ပွဲမရနိုင်ဘူး’ ဆိုတာပဲ ဖြစ် တယ်။ အဲဒါဟာ အတိုက်အခံ နိုင်ငံရေးအင်အားစုမှန်သမျှအပေါ် လူထုရဲ့ဝေဖန်ရေးလည်းဖြစ်တယ်။ လက်တွေ့နဲ့ ကိုက်ညီတဲ့ မှန်ကန်တဲ့ ဝေဖန်ချက်လည်းဖြစ်တယ်။ လူထုရဲ့ ဒီဝေဖန်ချက်ကို မြန်မာပြည်တလွှား တောကျိုအုံကြားမကျန် ထဲထဲဝင်ဝင်လေ့လာ ကြည့်သူမှန်ရင် သိနိုင်တယ်။ လူထုကြီးဟာ မညီညွတ်တဲ့ ဒါမှမဟုတ် ပြည်သူတရပ်လုံး စည်းလုံးလာအောင် ခေါင်းဆောင်နိုင်စွမ်းချည့်နဲ့တဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအပေါ် စာနာချင်းထက် စိတ်ပျက်ခြင်းတ၀က်နဲ့ ငြီးငွေ့နေတာကြာပြီ။ ကိုယ့်ကိုယ်ကိုယ်ဝေဖန်တဲ့ လူထုဝေဖန် ချက်ကို လေးနက်တဲ့ နိုင်ငံရေးအင်အားစုမှန်သမျှ ဒီအမှန်တရားကို ၀န်ခံကြရမှာဖြစ်တယ်။ လူထုကြီးဟာ ဥာဏ်အမျှော်အမြင်မဲ့သူတွေ မဟုတ်ဘူ။၊
မညီညွတ်တဲ့ခေါင်းဆောင်မှုနောက်ကို လိုက်ဖို့ဆန္ဒမရှိဘူး။ တယောက်တပေါက် ခေါင်းဆောင်မှုနောက်လိုက်ခဲ့ရာက ရခဲ့တဲ့ အတိတ်က ခါးသီးတဲ့ ဒဏ်ရာအနာတရတွေဟာ ခုထိအကင်းမသေသေးဘဲ ပြည်တစိုစိုနဲ့ ရှိနေဆဲဖြစ်တယ်။
လူထုကိုယ့်အပေါ် ယုံကြည်ကိုးစားလာစေချင်ရင် လူထုလိုချင်တဲ့ ခေါင်းဆောင်မှုမျိုးကို ထူထောင်ကြရမှာဖြစ်တယ်။ လူထုလို ချင်တာဟာ ဖက်ဆစ်ဆန့်ကျင်ရေးကာလ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တိုင်းချစ်ပြည်ချစ်သခင်တွေရဲ စုစည်းညီညွတ်တဲ့ ‘ဖဆပလ’ ခေါင်းဆောင်မှုမျိုး ဖြစ်တယ်။ ဒီနေ့နိုင်ငံရေးသမား တချို့တလေက လူထုကြီးကို လက်ညိုးထိုး အပစ်တင်နေကြတယ်။ ကြောက်နေကြပြီး ခေါကရိုးကျိုးနေကြပြီးလို့ စွပ်စွဲပုတ်ခတ်နေကြတယ်။ အဲဒီထဲကတချို့ဟာ ရိုးရိုးသားသားအကဲဖြတ်မှားတာ ဖြစ်နိုင်တယ်။ တချိုကကတော့ လူထုကြီးကကြောက်နေပြီး တိုက်ပွဲတိုက်လိုဏ္ဍမဖြစ်သေးဘူးလိုဏ္ဍ ပြောချင်တာဖြစ်တယ်။ နိုင်ငံရေးသမား နိုင်ငံရေးပါတီတွေကသာ စိတ်ဓာတ် ကျပြီး ခါးတောင်းကျိုက်ဖြုတ်ချင်ဖြုတ်မယ်။ လူထုကြီးကတော့ ဘယ်တော့မှ ခါးတောင်းကျိုက်ဖြုတ်မှာ မဟုတ်ဘူး။ အဲဒါဟာ သူတို့ရဲ့အဖိ နှိပ်ခံဘ၀က သတ်မှတ်ပြဌာန်းပေးလိုက်တဲ့ စိတ်ဓာတ်ပဲ။ အန္တရာယ်အခက်အခဲ အမျိုးမျိုးကြောင့် စိုးရိမ်ကြောင့်ကျစိတ် ၀င်လာဦးတော့ ခေါင်းထဲမှာ ကြာကြာလက်ခံမထားနိုင်ဘူး။ သူတို့ရဲ့သေမထူးနေမထူးဘ၀က ခါးတောင်းကျိုက်မဖြုတ်ဖို့ သူတို့ကိုအမြဲ လက်တို့သတိ ပေးနေတာဖြစ်တယ်။ ကာလတခုမှာ လူထုကြီးငြိမ်နေတာဖြစ်နိုင်တယ်။ အဲဒါ ကြောက်တာမဟုတ်ဘူး။ မပေါက်ကွဲမီ တိတ်ဆိတ်နေတဲ့ မြေမြုပ်မိုင်းတလုံးရဲ့ ငြိမ်သက်မှုမျိုးသာဖြစ်တယ်။ အမျှော်အမြင်ကြီးတဲ့ စုစည်းညီညွတ်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို မတွေ့သေးလို့ ဖြစ်တယ်။ နောက်ဆုံးသူတို့ဘ၀ ရှင်သန်ရေးအတွက် ဘယ်လိုမှ အချိန်မစောင့်နိုင်တော့ဘူးဆိုရင် သူ့နည်းသူ့ဟန်နဲ့ပေါက်ကွဲမှာပဲ။ အဲဒီ ပေါက်ကွဲမှုထဲကနေ နောက်ထပ်ခေါင်းဆောင်မှုအသစ်ကို ရွေးဦးမှာပဲ။
လူထုကြီးဟာ သူတိုကတိုက်ပွဲမှာ အမျှော်အမြင်ရှိတဲ့ ကိုယ်ကျိုးစွန့်တဲ့ သွေးစည်းခိုင်မာတဲ့ ခေါင်းဆောင်မှု လိုအပ်တယ်ဆိုတာ ဘ၀အရကိုသိတယ်။ သူတို့ကို ညီညွတ်အောင်စည်းရုံးပြီး ရှေ့ဆောင်နိုင်တဲ့ ခေါင်းဆောင်မှုမျိုးနဲ့သာ တိုက်ပွဲအောင်နိုင်တယ် ဆိုတာကို လည်း ဘ၀အရကိုသိတာပဲ။
ဒါကြောင့်အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်မှုကို အမြဲရှာဖွေတယ်။ တွေ့ရင်လည်း အလုံးအရင်းနဲ့ အုံကြွ လိုက်ပါတာပဲ။
အထက်မှာပြောခဲ့သလို ခေါင်းဆောင်မှုကို လူထုကရွေးတာ၊ လူထုကိုခေါင်းဆောင်က ရွေးနိုင်တာမဟုတ်ဘူး။ ခေါင်းဆောင်မှု က ဘယ်လိုလူထုမျိုးမှ ခေါင်းဆောင်မယ်ဆိုပြီး ရွေးနိုင်တာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်ရဲ့ ထုတ်လုပ်ရေးဘ၀အတွင်းမှာ အသင့်ရှိပြီးဖြစ် တဲ့ လူထု (လူမျိုး၊ လူတန်းစား၊ လူ့အလွှာ) ကို ခေါင်းဆောင်ရတာ။ အဲဒီလူထုအကျိုးစီးပွားကို ကိုယ်စားပြုနိုင်တဲ့အတိုင်းအတာ အ လျောက် အဲဒီခေါင်းဆောင်မှုအပေါ်လူထုက ယုံကြည်ကိုးစားတာ အသိမှတ်ပြုတာပဲ။
အချုပ်ပြောချင်တာက ‘အတိုက်အခံနိုင်ငံရေးအင်အားစုတွေ မညီညွတ်ရင် အောင်ပွဲမရနိုင်ဘူး’ ဆိုတဲ့ အနှစ်ခြောက်ဆယ် နီးပါး အတွေ့အကြုံကို သင်ခန်းစာထုတ်ထားတဲ့ ပြည်သူလူထုရဲ့ နိဂုံးချုပ်ချက်အပေါ် ကျနော်တို့အားလုံး လေးနက်ကြဖို့ပါ။
လူထုကြီးက ဟားစရာဖြစ်မယ့် သုံးယောက်ရှိရင် တပါတီဖွဲ့တာမျိုးမလုပ်ကြပဲ အတိုက်အခံနိုင်ငံရေးအင်အားစုမှန်သမျှ ဘုံ အကျိုးစီးပွားအပေါ် အခြေခံပြီး တိုင်တိုင်ပင်ပင်ညီညီညွတ်ညွတ် တိုက်ပွဲဝင်သွားကြဖို့ပါ။
ကိုယ့်ပြည်သူလူထုကို ယုံကြည်ပြီး ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ကို အဓိကထားကာ ပြည်တွင်းလုပ်ငန်းကို စောင်းပေးလုပ် နိုင်ရေးအတွက် အချိန်မီပြင်ဆင်ကြဖို့ပါ။
ကျနော်တို့ချင်းသာ အမှန်တကယ်စည်းလုံးညီညွတ်ရင် ပြည်တွင်းလုပ်ငန်းကို စောင်းပေးလုပ်ရင် ပြည်သူလူထုကြီးရဲ့ ထောက်ခံမှုနဲ့အတူ အောင်ပွဲကို အရောက်ချီနိုင်မှာပါ။ အဲဒီလိုမှ မလုပ်နိုင်ကြရင်တော့လဲ … ။ ။
Tuesday, January 29, 2008
ကျနော်တို့ပြည်သူလူထုနဲ့ ကျန်တော်တို့ နိုင်ငံရေးအင်အားစုများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment