NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၈
မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံတကာနှင့်ဒေသတွင်း ထောက်ခံမှုရရှိစေရန် ကြိုးစားနေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီက အိန္ဒိယ အာဏာပိုင်များနှင့် ယနေ့
စတင် ဆွေးနွေးမည်ဖြစ်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂမ်ဘာရီသည် နယူးဒေလီတွင် သုံးရက်ခန့် ကြာမြင့်ဖွယ်ရှိကြောင်း The Asian Age သတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံရှိ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးစားအားထုတ်သည့် အနေဖြင့် မစ္စတာဂမ်ဘာရီက အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
၎င်းအနေဖြင့် ပြီးခဲ့သည့်နှစ် အိန္ဒိယနိုင်ငံသို့ရောက်ရှိခဲ့စဉ်က မြန်မာနိုင်ငံအရေးနဲ့ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ တုံ့ပြန်မှုကို ကျေနပ်အားရကြောင်း၊ သို့သော် မြန်မာစစ်အစိုးရအပေါ် သြဇာသက် ရောက်မှုကို အသုံးချ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အပါအ၀င် မြန်မာပြည်တွင်း၌နိုင်ငံရေး အပြောင်းအလဲဖြစ်စေရန် အိန္ဒိယအနေဖြင့် လုပ်ဆောင် စေလိုကြောင်း မစ္စတာဂမ်ဘာရီက ပြောကြားသည်။
ယခုလဆန်းပိုင်း၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း အိန္ဒိယသို့သွားရောက်စဉ်တွင် မြန်မာနိုင်ငံ၌ သွက်လက်လျင်မြန်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို ဖော်ဆောင်ရန် အိန္ဒိယနိုင်ငံက တိုက်တွန်းခဲ့သည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်မြောက်စေရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်း စဉ်များ လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်အခြေခံ၍ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားအဖွဲ့အစည်းအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းအား ပြောကြားခဲ့သည်ဟုလည်း သတင်းတွင်ဖော်ပြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် အီဘရာ ဟင်ဂမ်ဘာရီ၏ ကြိုးစားအားထုတ်မှုကို အိန္ဒိယနိုင်ငံက ထောက်ခံအားပေးကြောင်း ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောသည်။ ။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment