NEJ/ ၁၄ ဇန်န၀ါရီ ၂၀၀၈
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဘူတာကြီး အထူးတန်းလက်မှတ်ရုံ၌ ယမန်နေ့မွန်းလွဲ(၂) နာရီခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားပြီး အဖွားအိုတဦး ဒဏ်ရာရရှိသွားကြောင်း မြန်မာစစ် အစိုးရက သတင်းထုတ်ပြန်သည်။
လက်မှတ်ရုံအနီး ရေချိုးခန်းအိမ်သာအနီး၌ ပေါက်ကွဲခြင်းဖြစ်ပြီး ရေချိုးနေသည့် အသက် (၇၃) နှစ်အရွယ် ဒေါ်အေးမြင့်၏ လက်နှင့် တင်ပါးတို့တွင် ဒဏ်ရာရကာ ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်ဟု ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာ၌ ပါရှိသည်။
လက်မှတ်ရုံသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စသည့်မြို့များသို့ သွားသည့်ခရီးစဉ်အတွက် လက်မှတ်ရောင်းရာ နေရာဖြစ်၍ နံနက် (၁၁) နာရီခန့်အထိသာ လက်မှတ်ဝယ်သူများနှင့် စည်ကားနေတတ်ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်သည် အပြင်လူများမရှိဘဲ လုံခြုံရေးနှင့် မီးရထား ၀န်ထမ်းများသာ ရှိနေချိန်ဖြစ်သည်ဟု ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။
၎င်းက “ရန်ကုန်မှာ ယူနီဖောင်းဝတ်ရဲအပါအ၀င် လုံခြုံရေးတွေ အများအပြားချထားတယ်။ ဒီကြား ထဲက ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲမှုဖြစ်ပြီးပြီးခြင်း လက်မှတ်ရုံဝင်ပေါက်ကို အာဏာပိုင်တွေ ကပိတ်လိုက်တယ်။ လက်မှတ်ရုံရှေ့ ဗိုလ်ချုပ်လမ်းပေါ်မှာလည်း လုံခြုံရေးတွေနေရာယူလိုက်တယ်။ ဖြတ်သွားဖြတ်လာ တက္ကစီတွေကို စစ်တာကလွဲရင် ထူးခြားတာ ဘာမှမတွေ့ရဘူး” ဟု ပြောသည်။
ဗုံးခွဲတရားခံကို အာဏာပိုင်များက ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ပြည်ပရှိအဖွဲ့ကြီးတဖွဲ့က ပြည်တွင်း ၌ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဖောက်ခွဲရေးသမားများကို စေလွှတ်နေသည်ဟုသာ စစ်အစိုးရက စွပ်စွဲသည်။
ယခုဗုံးပေါက်ကွဲမှုသည် (၃) ရက်အတွင်း တတိယမြောက် ဖြစ်ပွားခြင်းဖြစ်ပြီး ပြီးခဲ့သည့် သောကြာနေ့ကလည်း နေပြည်တော်ဘူတာရုံနှင့် ပဲခူးတိုင်း ဖြူးမြို့နယ်တို့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။
နေပြည်တော် ဘူတာရုံ အိမ်သာ၌ ဗုံးပေါက်ကွဲမှုတွင် နော်ဂေးလာအမည်ရှိ အသက် (၄၀) အရွယ် အမျိုးသမီးတဦး သေဆုံးပြီး ထိုအမျိုးသမီးသည် ဗုံးဖောက်ခွဲရန်ပြင်ဆင်နေစဉ် ပေါက်ကွဲ၍ သေဆုံးခြင်းဖြစ်ကြောင်းနှင့် ဖြူးမြို့နယ်ညောင်ပင်သာရွာ ဘောလုံးကွင်း ပေါက်ကွဲမှု၌လည်း ဗုံးခွဲသူ ကေအန်ယူတပ်သားတဦး သေဆုံးပြီး အမျိုးသမီး (၃) ဦးနှင့် ကလေးငယ် (၁) ဦး ဒဏ်ရာရကြောင်း စစ်အစိုးရပိုင် သတင်းစာများ၌ ဖော်ပြသည်။ ။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment