NEJ/ ၁၄ ဇန်န၀ါရီ ၂၀၀၈
ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းပြီး မြန်မာ နိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးအတွက် ဆောင်ရွက်သွားနိုင်ရန် သာသနာ့ဥသျှောင်-အပြည် ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံဌာနခွဲ) အား ယမန်နေ့က မဲဆောက်မြို့တွင် ဖွဲ့စည်းလိုက်သည်။
ထိုင်းနိုင်ငံဆိုင်ရာဌာနခွဲတွင် ဥက္ကဋ္ဌအဖြစ် ကော့ကရိတ်မြို့နယ် အံကောင်ရွာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တစိန္တိတနှင့် အတွင်းရေးမှူးအဖြစ် ဘဒ္ဒန္တဇောတိကတို့က ဆောင်ရွက်သည်။
ထိုင်းနိုင်ငံ ဌာနခွဲ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ အဖွဲ့ချုပ်အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တဥတ္တရ (အင်္ဂလန်) က "အပြည်ပြည်ဆိုင်ရာ အဖွဲ့ဆိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံဃာတော်တွေ ဘုန်ကြီးတို့နဲ့ အားလုံးညီညီညွတ်ညွတ်နဲ့ အဖွဲ့တခုတည်းဖြစ်သွားတာပေါ့။ ဌာနခွဲအနေနဲ့ ဗဟိုက ချမှတ်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ဒေသဆိုင်ရာမှာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေလည်း သူတို့ဘာသာ သူတို့ ရဟန်းတော်များ လုပ်နိုင်တဲ့အလုပ်တွေကို လုပ်သွားနိုင်တယ်။ တခါတရံမှာ ဗဟိုအဖွဲ့က နေပြီးတော့ နိုင်ငံတကာအလိုက် တန်းတူစည်းရုံးပြီး လုပ်ရမယ့်ဟာတွေကိုလည်း သူတို့ လုပ် သွားမှာ ဖြစ်တယ်" ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။
ထိုင်းနိုင်ငံ ဌာနခွဲ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဆရာတော် ဘဒ္ဒန္တစိန္တိတက "သာသနာရေးကိစ္စ၊ နိုင်ငံရေးကိစ္စတွေကို အဖွဲ့ချုပ်ရဲ့ လမ်းညွှန်မှုအတိုင်း အားလုံးစုပေါင်းလုပ်သွားဖို့ အစီအစဉ် ချမှတ်ထားပါတယ်" ဟု မိန့်ကြားသည်။
အဆိုပါအဖွဲ့အား အဖွဲ့ချုပ်မှ ဆရာတော်ကြီးများကိုယ်တိုင် ထိုင်း-မြန်မာနယ်စပ်သို့ ကြွရောက်လာ ကာ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာရွေဝါရောင် တော်လှန်ရေးအပြီး နယ်စပ်ဒေသသို့ ရောက်ရှိလာသည့် မြန်မာ သံဃာတော်အပါး (၂၀) ခန့်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အဖွဲ့၏ရှေ့လုပ်ငန်းစဉ်များနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် သာသနာ့ဥသျှောင်-အပြည်ပြည် ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ဥက္ကဋ္ဌ ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသက အစိုးရမဟုတ် သည့် အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် ဆက်စပ် လုပ်ကိုင်သွားမည်ဟု မိန့်ကြားသည်။
ယမန်နှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးအပြီး ဗုဒ္ဓသာသနာအပေါ် ကျရောက်လာသော ဘေးအန္တရာယ်များကို ပြည်ပရောက် သာသနာပြုဆရာတော်များက ၀ိုင်းဝန်းစောင့်ရှောက်ပေးရန် ပြည်တွင်းပြည်ပရှိ ရဟန်းရှင်လူအများက ပန်ကြားလာသောကြောင့် ယမန်နှစ် အောက်တိုဘာ
(၂၇) တွင် သာသနာ့ဥသျှောင်-အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ကို လော့စ် အိန်ဂျလိမြို့၊ တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်နိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့သည်။
အဖွဲ့၏ရည်ရွယ်ချက်မှာ ဗုဒ္ဓသာသနာတော် တိုးတက်ပြန့်ပွားရေးနှင့် ဗုဒ္ဓသာသနာကိုထိပါးသည့် ဘေးအန္တရာယ်တို့ကို ကာကွယ်တားဆီးရန်၊ ကမ္ဘာသူကမ္ဘာသားများ၏အကျိုးစီးပွားနှင့် ချမ်းသာ
သုခ ရရှိစေရေးအတွက် ဆောင်ရွက်သွားရန် ဖြစ်သည်။
သံဃာ့ဥသျှောင်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိနေစဉ် မြန်မာ့အရေး ဆောင်ရွက်နေကြသည့် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခြေ အနေများအား ဆွေးနွေးခဲ့ကြသည်။ ။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment