စိုးနေလင်း
အဲဒီမြစ်တမြစ်ကတော့
စွန့်ပစ်ပစ္စည်းတခုလိုပြုန်းတီး
အလင်းမီးအိမ် မှေးမှိန်ပေတော့မယ်။
စပျစ်သီးကချဉ်ရှသတဲ့
ဘေးမမဲ့သော တောချည်းသာ
ပေလာယကန် ရှိစေ။
ညွံတောမြေကို ဝေဟင်မှတ်မှား
မြားတန်းလန်းလန်းနဲ့ငှက်တငှက်က
ရသ တိမ်တိုက်တခုကိုဖန်ဆင်း
ငြင်းပယ်ခြင်းအလှ ရှာဖွေကြည့်မိတဲ့အခါ
ပလာအစု* မျှသာ
သမာကျမ်းစာလာအရ
“ဗာရဗ#” ကိုဦးညွတ်ခဲ့ကြပြီ။
အရောင်မရှိတဲ့ တံလျှပ်များကြား
စူးပြီးမြားကို မနှတ်လိုတော့
အပေါ့ပါးဆုံး မြေခ
ပန်းတို့ကို ဖေးမ ပွင့်လွစေမယ်။
တကယ်ဆို
သစ်တပင်လိုကျင့်ကြံနေထိုင်
(မြစ်တစင်းရဲ့ ကမ်းပါးတွေကို)
ခိုင်မာမြင့်မားစေလိုက်ချင်ပါရဲ့ ။ ။
(18.1.08)
*Empty Set
# Baraba
Saturday, January 19, 2008
“မြစ်ကျိုးအင်း”
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment