ခေတ်ပြိုင်-ကျော်ထင်/ ၁၀ ဇန်န၀ါရီ ၂၀၀၈
ယမန်နေ့ညပိုင်းက ကချင်ပြည်နယ်အတွင်း စစ်အစိုးရဆန့်ရေးစာရွက်စာတမ်းများကို ကချင် ကျောင်းသားများက ဖြန့်ဝေခဲ့ကြသည်။
ဆန့်ကျင်ရေးစာရွက်စာတမ်းများကို ယနေ့ကျရောက်သည့် အနှစ် (၆၀) မြောက် ကချင်ပြည်နယ် နေ့မတိုင်မီ အဓိကမြို့ကြီးများဖြစ်ကြသည့် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် ဖြန့်ဝေခဲ့ကြခြင်း ဖြစ်သည်။
မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း (၁၂) ရပ်ကွက်နှင့် အစိုးရဌာနများတွင် ဆန့်ကျင်ရေး စာရွက် များကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟု ကျောင်းသားခေါင်း ဆောင်တဦးက ပြောသည်၊
၎င်းက “အားလုံး (၁၂) ရပ်ကွက်ကို လူခွဲပြီးမှကပ်တာလေ။ စီတာပူပါတယ်၊ တပ်ကုန်းပါတယ်၊ နောက်ရုံးတွေဆိုရင် ခယက၊ နောက် မြို့နယ်မယကရုံး၊ နောက်ပြီးတော့ အထက (၁)၊ အထက
(၅)၊ အထက (၃) အဲလိုမျိုးပေါ့၊ ပြီးတော့ အုတ်နံရံကပ်တယ်၊ ဓာတ်တိုင် တွေမှာကပ်တယ်” ဟု ပြောသည်။
အဆိုပါစာရွက်စာတမ်းများတွင် ကချင်ပြည်လုံးဆိုင်ရာကျောင်းသားသမဂ္ဂမှ ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန်၊ နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးဖြင့် အဖြေရှာရန်၊ သံလွင်မြစ်ဆုံစီမံကိန်း တည်ဆောက်ရေးကို ရပ်တန့်ပေးရန်နှင့် အတင်းအဓမ္မ လူထု ဆန္ဒခံယူစေခြင်းတို့ကို ကန့်ကွက်ကြောင်းများ ပါရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များသမဂ္ဂ ဒု-ဥက္ကဋ္ဌ လီယိုနတ်က စစ်အစိုးရ
သည် လမ်းပြမြေပုံအတိုင်းတဆင့်ပြီးတဆင့်အကောင်ထည်ဖော်နေသောကြောင့် ကချင်ကျောင်း သားများအနေဖြင့် ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်းပြောသည်။
၎င်းက “ကျနော်တို့ရတဲ့နေရာကနေ လူထု campaign အနေနဲ့လုပ်ဆောင်သွားဖို့ဖြစ်တယ်။ အထူး သဖြင့် ကျနော်တို့က လောလောဆယ်အနေနဲ့တော့ မြို့ကြီးတွေဖြစ်တဲ့ ဖြစ်ကြီးနား၊ ဗန်းမော်လို နေရာမျိုးမှာလုပ်တယ်။ တက္ကသိုလ်ကျောင်းလိုနေရာမျိုး၊ နောက်အစိုးရအဆောက်အဦလိုနေရာ မျိုးပေါ့နော် အဲလိုနေရာတွေမှာ ကျနော်တို့ဖြန်ဝေပါတယ်” ဟုပြောသည်။
ကျောင်းသားများ၏လှုပ်ရှားမှုကြောင့် ကချင်လူထုအတွင်း နိုင်ငံရေးနိုးကြားမှုများရှိလာကြောင်း
နှင့် အဆိုပါလှုပ်ရှားမှုများသည် လူထု၏ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ဖြစ်မလာနိုင်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
နှစ် (၆၀) မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကချင်တမျိုးသားလုံးဆိုင်ရာကျောင်း သားလူငယ်များသမဂ္ဂမှ ယနေ့ထုတ်ပြန်သောကြေညာချက်တွင် စက်တင်ဘာအရေးအခင်းအား အကြမ်းဖက်ဖြိုခွဲသောလုပ်ရပ်ကြောင့် နအဖမှ ငြိမ်းချမ်းမှု၊ တရားမျှတမှုတို့ကို မလိုလားကြောင်း
နှင့် ကချင်ပြည်နယ်ရှိတိုင်းရင်းသားတို့၏ အခွင့်အရေး ပြည့်ပြည့်၀၀မရရှိသေးသရွေ့ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ပါရှိသည်။
Friday, January 11, 2008
ကချင်ပြည်နယ်နေ့မတိုင်မီ နအဖဆန့်ကျင်ရေးစာရွက်စာတမ်း ပျံ့နှံ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment