သစ်ကောင်းအိမ်
ဆံပင်ဖြူတွေ
ငါ့ ခေါင်းပေါ်ပေါက်တာ
တရားဝင်တယ်။
အလံမ္မယ်ဆရာရဲ့ ပုလွေတွန်သံကြားမှ
ပခြုပ်ထဲကပါးပြင်းထောင်ထရတဲ့
မြွေတကောင်ရဲ့အက။
ဟော့ဟို လမ်းကြိုလမ်းကျဉ်းထဲက
'ဆန်ပလော' အနင်းသမားလေးတယောက်ဟာလည်း
နိုင်ငံရေးအကျဉ်းသားတယောက်ပါပဲ။
ဘ၀ဆိုတာ
ပန်းတိုင်မဟုတ်ခဲ့။
တံခွန်ခူးဖို့
ချောတိုင်တက်ခဲ့တယ်။ ။
ဆန်ပလော = ထိုင်းဆိုက္ကား
Tuesday, January 8, 2008
ဆောင်းအဆက်ဆက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment