မဇ္ဈိမသတင်းဌာန
ဒီဇင်ဘာလ ၃ ရက် ၂၀၀၇
ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့မုခ်ရှိ လူနေအိမ်များကို မကြာခင် အချိန်အတွင်း နအဖ က သိမ်းပိုက်ကာ အခြား နေရာများတွင် ပြန်လည် နေရာချထား ပေးတော့မည်ဟု ရန်ကုန်ရှိ အကြားအမြင်များသော ဆရာတော်တပါးက ပြောသည်။
ရွှေတိဂုံဘုရား အရှေ့မုခ်ဒေသကို နအဖ မှ ရှင်းလင်းရန်အတွက် ဆုံးဖြတ်ထားကြောင်းနှင့် စက်တင်ဘာလ အတွင်းက သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများတွင် ထောက်ခံ အားပေးခဲ့သည့် ဒေသခံ အများအပြားနှင့် နေအိမ်များကို ဖယ်ရှားသွားမည်ဟု အမည်မဖော်လိုသူ ဆရာတော်က ပြောသည်။
သြဂုတ်လနှင့် စက်တင်ဘာလ အတွင်းက ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ ဒေသခံ အများအပြားသည် ဖမ်းဆီးထိန်းသိမ်း ခံနေရသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
“စက်တင်ဘာလ ၂၆ ရက်နေ့တုန်းက ရွှေတိဂုံဘုရား အရှေ့မုခ်ဘက်မှာ တနေကုန်လုံး အာဏာပိုင်တွေက မျက်ရည်ယို ဗုံးတွေ ခွဲခဲ့တာ။ အဲဒီနေရာမှာနေတဲ့ ဒေသခံတွေက ဒေါသထွက်ပြီး စစ်သားတွေကို ခဲတွေနဲ့ ပြန်ပေါက်ကြတယ်” ဟု ၃၃ နှစ်အရွယ်ရှိ ဦးပဉ္ဇင်းက သံဃာတော်များ၏ ဆန္ဒပြပွဲကို ဒေသခံများက ထောက်ခံခဲ့ကြပုံကို ရှင်းပြသည်။
စက်တင်ဘာလအတွင်းက ဖြတ်တောက်ထားသည့် တယ်လီဖုန်း လိုင်းများကို စစ်အစိုးရ ပြန်ဖွင့်ပေးခဲ့သော်လည်း ရွှေတိဂုံအနီးရှိ မဟာဝိသုဒ္ဓါရုံနှင့် ညောင်တုန်း ဘုန်းကျောင်းကြီးများကိုမူ ဖုန်းလိုင်းများ ယနေ့အထိ ဖြတ်တောက်ခံရဆဲ ဖြစ်သည်။
“မဂ္ဂင်ဘုန်းကြီးကျောင်းကိုတောင် သိမ်းလိုက်သေးတာပဲလေ၊ လူတွေရဲ့ နေအိမ်တွေကို သိမ်းပစ်ဖို့က အလွယ်တကူ လုပ်ရဲမှာပဲ” ဟု သံဃာတော်က ပြောသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment