ဧရာဝတီ | ဒီဇင်ဘာ ၃ ၊ ၂၀၀၇
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လာမည့်နှစ်အနည်းငယ်အတွင်း ကွယ်လွန်သွားနိုင်သည်။ ကင်ဆာဖြစ်နေပြီး ကျောက်ကပ် ပြဿနာလည်း ရှိနေသည်ဟု သိရသည်။ ယခုနှစ်ဆန်း ဇန်န၀ါရီလက ဆေးကုသမှုခံယူခဲ့သော စင်္ကာပူဆေးရုံတခု၏ အသိုင်း အ၀န်းမှ ထွက်ပေါ်လာသော သတင်းစကားလည်း ဖြစ်သည်။
၎င်းသတင်းရင်းမြစ်များက ပြောကြားရာ၌ ဤရောဂါများမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့်အတွက်ကြောင့် ခွဲစိတ်ကုသမှု ခံယူရန် အကြံပေးခဲ့ကြသည်ဟုလည်း ဆိုသည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းပယ်ခဲ့ပြီး အခါပေး ဗေဒင်ဆရာများနှင့် တိုင်ပင်ဦးမည်ဟု ဆိုကာ ဆေးရုံတွင် ခဏတာမျှသာနေ၍ မြန်မာနိုင်ငံသို့ ပြန်သွား ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
စင်္ကာပူရှိ ဆရာဝန်၊ သမားတော်ကြီးများလည်း ဗေဒင်ဆရာနှင့် ပြန်၍ တိုင်ပင်ဦးမည်ဆိုသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆုံးဖြတ်ချက်ကို အထူးအံ့အားသင့်ခဲ့ကြရသည်ဟု ဆိုသည်။
ထိုအချိန်၌ အခြားသတင်းများကလည်း အသက် ၇၄ နှစ်ရှိပြီ ဖြစ်သည့် စစ်အစိုးရ၏အကြီးအကဲတွင် ဆီးချိုရောဂါနှင့် သွေးတိုး ရောဂါများလည်း ခံစားနေရသည်ဟု ဆိုကြသည်။
လွန်ခဲ့သော နှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေး ကျဆင်းလာရာ အာဏာကို အဓိက ချုပ်ကိုင်ထားသည့် ၎င်း၏နေရာတွင် မည်သူက ဆက်ခံမည်ကို ခန့်မှန်းတွက်ဆခဲ့ကြသည်။
အကယ်၍ ၎င်းသာ အာဏာလက်ကိုင်ရှိနေစဉ်အတွင်း ကွယ်လွန်ခဲ့ပါက မူဝါဒရေးရာပိုင်း အပြောင်းအလဲများလည်း ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိသည်။ ၁၉၈၈ ခုနှစ်ကလည်း ဦးနေ၀င်းက စစ်တပ်အတွင်း ချောမွေ့စွာ အာဏာ လွှဲပြောင်းနိုင်ရေးအတွက် ပြင်ဆင်စီစဉ်ခဲ့ပြီး ၎င်းယုံကြည်သူများ လက်တွင်းသို့ လွှဲပြောင်းထားရစ်ခဲ့သည်။
မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်နေ၀င်း သည်လည်း ပုံမှန်ဆိုသလို လန်ဒန်တွင် ဆေးစစ်ကုသမှု ခံယူခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိစစ်ခေါင်းဆောင်များမှာ အနောက်နိုင်ငံများသို့ သွားရောက်ရန် ပိတ်ပင်ခံထားကြရသူများ ဖြစ်၍ စင်္ကာပူ၌သာ အများအားဖြင့် ဆေးကုသမှု ခံယူလေ့ရှိကြသည်။
Tuesday, December 4, 2007
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သေတော့မည်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment