NEJ/ ၂၇ နိုဝင်ဘာ ၂၀၀၇
၎င်းက “တရားခွေကို ဆရာတော်ကြီးတွေက အသေအချာနားထောင်ပြီး အဲဒီဟောကြားချက်တွေထဲမှာ ဗုဒ္ဓဟောကြားတဲ့ တရားတော် အတိုင်းပဲ ဖြစ်တယ်၊ ဗုဒ္ဓတရားတော်နဲ့ သွေဖည်တာ ဘာမှမပါဘူး၊ ဒါကြောင့် အရေး မယူနိုင်ဘူးဆိုပြီး ဆုံးဖြတ်ပေးခဲ့တယ်” ဟု ပြောသည်။
အဆိုပါ အစည်းအဝေးကို သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)ဘွဲ့နှင်းဓမ္မာရုံတွင် ကျင်းပပြီး သဘာပတိအဖြစ် ဥက္ကဋ္ဌ မကွေးဆရာတော် ဘဒ္ဒန္တကုမာရ (အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက) က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် တွဲဖက် အကျိုးတော်ဆောင် အင်းစိန်မြို့နယ်၊ ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသတို့က ဆောင်ရွက်ကြကြောင်းသိရသည်။
သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၏ အဆိုပါ တရားခွေကိစ္စနှင့်ပတ်သက်ပြီး စစ်အစိုးရက တရားဝင်ပိတ်ပင်ထားခြင်း မရှိသော်လည်း ရန်ကုန်မြို့ လမ်းဘေးများတွင် တရားခွေရောင်းချနေသည့် ဆိုင်များကိုမူ ရဲတပ်ဖွဲ့ဝင်များက ရောင်းချခြင်းမပြုရန် နှုတ်ဖြင့် လိုက်လံပိတ်ပင်ထားကြောင်း သိရသည်။
သီတဂူဆရာတော်သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၇) တွင် အင်းစိန် ရွာမ၊ ဒီဇင်ဘာ (၁၉) တွင် သီရိ မင်္ဂလာဈေး အပေါ်ထပ်တို့တွင် တရားဟောကြားခဲ့ရာ ပရိသတ် သောင်းချီ တက်ရောက် နာယူခဲ့ ကြသည်။ နောက်ထပ်လည်း ရန်ကုန်၊ မန္တလေးမြို့များတွင် တရားတော်များ ဆက်လက်ဟောကြား ဦးမည်ဟု သိရသည်။ ။
Friday, December 28, 2007
သီတဂူဆရာတော်ကို အရေးယူရန် ငြင်းပယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment