သစ်ကောင်းအိမ်
မြောက်လေရိုင်းတွေက
အထီးကျန် သစ်ကိုင်းတွေကို
အရိုးပြိုင်းပြိုင်း ကျတယ်
စိတ်ထဲ
အဆိပ်တွေ စီးကျလာပြန်ပြီ
မတိတ်သေးတဲ့အတိတ်ကို
တိပ်နဲ့ကပ်ပြီး
မတိတ်သေးတဲ့နှင်းတွေ
ပြိုဆင်းလာနေပြီ
မျက်စိမှိတ်လိုက်တယ်
အဝေးအိမ်ဆီ
မြက်ခင်းပေါ် ဒရွတ်ဆွဲ
သွက်ချာပါဒ ရောဂါသည်လေး
“ခရစ်စ်တီးနားရဲ့ကမ္ဘာ” ပန်းချီကား
ကျနော့ပါးပြင်ပေါ် လိမ့်ဆင်းသွားတယ်
ခင်ဗျားတို့ တမလွန်မှာရော
ပွင့်လင်းရာသီ ရောက်ပါပြီလား
ကျောင်းဆရာ
သွေးကြောထဲ
မြစ်စိမ်းရှင်ရှင်
ပြန်မြင်ချင်လှပြီ
င၀န် …
နှစ်တွေကြမ်းတော့
နှင်းတွေ နွမ်းခဲ့တယ် …
သစ်ကောင်းအိမ် (၀၉၊ နိုဝင်ဘာ၊ ၂၀၀၇)
Friday, November 9, 2007
အိပ်မက်မြစ်
Subscribe to:
Post Comments (Atom)
2 comments:
I like all of our poems.
(နှစ်တွေကြမ်းတော့
နှင်းတွေ နွမ်းခဲ့တယ် …) ဆိုတဲ့ အပိတ်လေးနဲ့ အတူ
ဒီကဗျာတပုဒ်လုံးကို ခံစားသွားပါတယ် ...
Post a Comment