Wednesday, November 7, 2007

ကျွန်းရွက်များအကြောင်း အောက့်မေ့မှု

သစ်ကောင်းအိမ်

ပြားချပ်သွားတဲ့ ကမ္ဘာကြီးပေါ်က
ဖိနောင့်ပါးနေတဲ့
ပြားချပ်ချပ်ဖိနပ်တရံပေါ်ရပ်ရင်း
ငါ … ဆွေးနေမိရဲ့ 

မျက်ရစ်မပါတဲ့ အချစ်နဲ့ 
ထူထောင်ခဲ့တဲ့ ခေတ်တခေတ်ဟာ
မင်းဖြစ်ခဲ့ပေါ့
ဂန္ဓာလရာဇ်သွေးနဲ့
ငါ့ သားလေးရေ

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူပေါ်လူဇော်မလုပ်မိစေနဲ့

မင်းတို့လူမျိုးတွေဟာ
လူတော်တွေပါ
လူယုတ်မာတွေ မဖြစ်မိစေနဲ့

မင်းတို့လူမျိုးတွေဟာ
လူတော်တွေပါ
သူတပါးတိုင်းပြည်ရဲ့  အသွေးအသား
မပြစ်မှားမိစေနဲ့

သမိုင်းဆိုတာ
သားကြောဖြတ်လို့ရတဲ့အရာ
မဟုတ်ခဲ့
တို့နိုင်ငံရဲ့  “ ရွှေဝါရောင်တော်လှန်ရေး”
သွေးနဲ့လက်ခမောင်းခဲ့ပြီ
“ပုရွက်ဆိတ်တွေရဲ့  ဘုံဝါဒ
အဓွန့်ရှည်ပါစေ၊ ခွေးအတွေရဲ့ 
ဘုံဝါဒ၊ ကျဆုံးပါစေ”

တိန့်ရှောင်ဖိန်က
တိန်အန်မင် အရေးအခင်းကို
ရူးချင်ယောင်ဆောင်ခဲ့တယ်။

သစ်ကောင်းအိမ်
(၀၇၊၁၁၊၂၀၀၇)


2 comments:

ကောင်းကင်ကို said...

“ပုရွက်ဆိတ်တွေရဲ့  ဘုံဝါဒ
အဓွန့်ရှည်ပါစေ၊ ခွေးအတွေရဲ့ 
ဘုံဝါဒ၊ ကျဆုံးပါစေ” စာသားက အရမ်းထိမိတယ်ဗျာ။ ကျွန်တော်တို့ ပုရွက်ဆိတ်တွေလို ညီညီညွတ်ညွတ်ရှိကြပါစို့ ။ ကဗျာတွေကိုအားပေးနေပါတယ် ကိုသစ်ကောင်းအိမ်။

ဂျစ်တူး - gyit_tu said...

ကိုသစ်ကောင်းအိမ်ရဲ့ ကဗျာတွေကို ခံစား အားပေးလျက်ပါ ။

ကဗျာလေးကို တိန်အန်မင် အရေးအခင်းနဲ့ ဆက်စပ်ပြီး အဆုံးသတ်လိုက်တော့ ပိုပြည့်စုံသွားတယ် လို့ မြင်မိပါတယ် ။