Sunday, November 4, 2007

ရွှေဝါရောင်စပါးတွေ ရင့်မှည့်နေပြီ ညီမလေး

သစ်ကောင်းအိမ်

ငါတို့ ကိုးကွယ်တဲ့ဆင်းတုကို
ခေါင်းရိုက်ခွဲသူ
ငါတို့ဦးညွှတ်တဲ့ တရားကို
လှံစွပ်နဲ့ထိုးသူ
ငါတို့ဝပ်တွားတဲ့ ၀တ္တကမြေကို
ကျည်ဆံနဲ့ မီးလောင်တိုက်သွင်းသူ

လမ်းဘေး
တွေ့ရာအုတ်ခဲနဲ့ ငါတို့ပြန်ထုတယ်
ဒါ … အကြမ်းဖက်မှုလား

ကြမ်းကြမ်းဖက်ထားကြ
ငါတို့ရွက်တွေကို
ကြမ်းကြမ်းဖက်ထားကြ …



ကြမ်းကြမ်းဖက်ထားကြ
ငါတို့တက်တွေကို
ကြမ်းကြမ်းဖက်ထားကြ

ရန်သူကို ရန်သူလို့ မခေါ်နဲ့ဆို
ငယ်ငယ်ကဖတ်ဖူးတဲ့ ကာတွန်းထဲက လူရိုင်းတွေလို
“ ယူသန် … ယူသန်..” လို့ အော်မယ်

မစ္စတာ ဘန်ကီမွန်းရေ ….
အသက်ကယ်ဘောမပါတဲ့ ကမ္ဘာကြီးထဲ
ဘီကီနီမ၀တ်ဘဲ
ရေနစ်နေတဲ့ခေတ်တစ်ခေတ်ဟာ
ငါတို့ဖြစ်တယ်

မြင်ကွင်းတွေဟာ ဟင်းလင်းပဲ

ဆောင်းဦးပေါက်ကွင်းပြင်မှာတော့
ရွှေဝါရောင်စပါးတွေ
ဝင်းမှည့်နေပြီ ညီမလေး … ။

သစ်ကောင်းအိမ်
(၀၄၊ ၁၁၊ ၂၀၀၇)


1 comments:

Anonymous said...

(အသက်ကယ်ဘောမပါတဲ့ ကမ္ဘာကြီးထဲ
ဘီကီနီမ၀တ်ဘဲ
ရေနစ်နေတဲ့ခေတ်တစ်ခေတ်ဟာ
ငါတို့ဖြစ်တယ်)

ဆိုတဲ့ စာကြောင်းနဲ့အတူ ကဗျာတပုဒ်လုံးကို ခံစားသွားပါတယ် ။