ကမာပုလဲ
သား …
ဒီကဗျာကို
အဖေကြေကွဲစွာ ရေးပါတယ် …။
ဘယ်လိုခေတ်ပျက်ကြီးနဲ့
ရင်ဆိုင်နေရသလဲ သားရယ်
အဖေဆိုတာ
မေ့ကောင်းစရာတော့ မဟုတ်ဘူး …။
သားကိုမဆက်သွယ်ရဲဘူး
သားဆီကလက်ဝါးဖြန့်ရမှာလား
အဖေ့ရဲ့သူပုန်မာန
သားနားလည်နိုင်ပါ့မလား …။
ဘ၀မှာတကယ်ရှုံးခဲ့သူဟာ
ကိုယ့်ရင်သွေးကို
ဘယ်မုန်းရက်နိုင်ပါ့မလဲ …။
ကမာပုလဲ
(၁၃၊၁၁၊၂၀၀၇)
Wednesday, November 14, 2007
သားအတွက် နှလုံးသွေးနဲ့ရေးခဲ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment