Friday, October 19, 2007

ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မီတီ စစ်အစိုးရဖွဲ့စည်း

2 comments:

Unknown said...

ငြိမ်းချမ်းခရီး

ခြေလှမ်းတွေ --- ခြေလှမ်းတွေ
ခြေသံတွေ --- ခြေသံတွေ
သူပုန်တွေရဲ့ ခြေသံတွေလား
ပုန်ကန်သူရဲ့ ခြေသံတွေလား
သြော် ----
အနာဂတ်အတွက်
အမှန်တရားရဲ့ခြေသံတွေပဲ
ကြားလိုက်ရပြီ
မိစ္ဆာတို့ရဲ့ လက်နက်အားကိုး
သေနတ်သံဆက်မပြတ်
ဝါးစိမ်းတုတ်ပါမကျန်
သည် ဥာဉ်ဆိုး
ဟော ဟိုမှာ --- ဟိုမှာ
သံဃာတွေ --- သံဃာတွေ
ကျောင်းသားလူငယ် ပြည်သူတွေ
သွေးတွေ --- သွေးတွေ
သွေးတွေ --- သွေးတွေ
အလဲလဲ အပြိုပြို
ကမ္ဘာပျက်မတတ်
ပွက်လောရိုက်လို့
တစ်ဗိုလ်ကျ တစ်ဗိုလ်တက်
ငြိမ်းချမ်းစွာနဲ့ အသက်တွေလဲ
စတေးခဲ့ကြပြီ
ဟေ့ -----
ဘယ်လိုခေတ်ကြီးလဲ
ရှစ်ဆယ့် ရှစ်က
မခြောက်သေးတဲ့
ဟော့ဒိ --- ငါတို့ရဲ့သွေးလမ်းထက်မှာ
နှစ်ထောင့်ခွန်
မျိုးဆက်သစ်တို့ရဲ့
သွေးစက်တွေဟာ
ထပ်မံစွန်းထင်ခဲ့ရပေါ့
ဒါဟာ--- ( 1988 - 2007 )
တစ်ဆယ့်ကိုးနှစ်
နှစ်-နှစ်ဆယ်ပြည့်ရဲ့
အကြီးမားဆုံး စိန်ခေါ်ပွဲဖြစ်သလို
အကြီးမားဆုံး အုံကြွမှု့ဖြစ်တယ်
ညီညွှတ်မှု့ဖြစ်တယ်
ပေးဆပ်ခဲ့ရ
သွေးကြွေးတွေအတွက်
ငါတို့ အားလုံး --- အားလုံး
ဒေါင်း အလံ လွင့်ဖို့လိုတယ်

နေဗလ
19-10-07

Unknown said...

ဗြောင်လိမ်ဗြောင်လိမ်...

ခွေးတွေ..တဖက်လှည့်ပြန်ပြီ..

အလိမ်မခံကြတော့ဘူးဆိုတာ..မသိကြတော့ဘူး..

ဂန်ဘာရီ..လက်ခံရင်..အဲဒီဂန်ဘာရီ..
အလကားဖြစ်သွားမယ်