Wednesday, October 17, 2007

သား (၃) သား ရှင်းလင်းရေး အသံပိုင်ရှင် အတိအကျ ပေါ်ထွက်လာပြီ

သံဃာတော်များ မေတ္တသုတ်ရွတ်ဆို ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒဖော်ထုတ်ခြင်းနှင့် ပတ်သက်၍ သံဃာတော်များအား သတ်ဖြတ်ရန် အကြံပေးသော ပုဂ္ဂိုလ်တစ်ဦး ပေါ် ထွန်းခဲ့သည်ကို အများအသိပင်ဖြစ်ပါ၏။ ထိုကိစ္စနှင့်ပတ်သက်၍ သတင်းသမားများက ``အသံရှင်ဘယ်သူလဲ´´ဟု ဝေခွဲမရဖြစ်နေခဲ့ကြ၏။ ထို့ကြောင့် အသံသာဖော်ပြ၍ အသံပိုင် ရှင်ကိုတိတိကျကျဖော်ပြနိုင်ခြင်းမရှိခဲ့ကြပေ။ ထိုသို့ သံဃာတော်များအား သတ်ဖြတ်ရန် အကြံပေးသော ပုဂ္ဂိုလ်မှာ- ပဲခူးမြို့၊ သွန်းဘုရား လမ်း၊ ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ဖြစ်ကြောင်းတင်ပြလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကြခတ်ဝိုင်း ကျောင်း တိုက်တွင် ၁၀-နှစ်၊ ၉-နှစ်၊ ၈-နှစ်၊ ၇-နှစ်၊ ၆-နှစ်၊ ၅-နှစ်၊ ၄-နှစ်၊ ၃-နှစ်၊ ၂-နှစ်၊ ၁-နှစ် နေထိုင်ခဲ့ဘူးသော သိရီလင်္ကာရောက်တပည့်သံဃာတော်များက ထိုအသံဖိုင်ကို အကြိမ် အကြိမ်နားထောင်စစ်ဆေးပြီး ကြခတ်ဝိုင်းဆရာတော်၏အသံ (လုံးဝ) အမှန် တကယ် ဖြစ် ကြောင်းမှတ်ချက်ချခဲ့ကြသည်။ ထိုမှတစ်ဆင့် အသံပိုင်ရှင်၏ ဟောပြောဟန်ဆိုဟန်၊ တစ် ခါတစ်ရံ လိုချင်သောအရာကို ကဗျာစပ်၍ လိုက်ဆိုခိုင်းလေ့ရှိသောဟန်၊ တစ်ခါတည်း တရားဟောရေစက်ချဟန်နှင့် စကားလုံးကြားညပ်သုံးလေ့ရှိဟန်စသော အလေ့အကျင့်များကို ထောက်ရှု၍လည်းကောင်း၊ ထိုပုဂ္ဂိုလ်သည် က၀မြို့နယ်၊ ခမဲပြင်- နိဗ္ဗာန်ဇာတိဖြစ်၍ ခမဲပြင်- နိဗ္ဗာန် ရွာလမ်းခင်းစဉ်က တာဝန်ယူဆောင်ရွက်ခဲ့သောကြောင့်လည်းကောင်း၊ ထိုစဉ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မီးရထားဝန်ကြီး ဦး အောင်မင်းအား ဂုဏ်တင်ပြောကြားခြင်းကြောင့်လည်းကောင်း၊ ``လူဖြစ်ချင်လျှင် တကယ် လုပ်အဟုတ်ဖြစ်ရမည်´´ဟူ ဆောင်ပုဒ်သည် ဆရာတော်လက်သုံးစကား တစ်ခြုဖစ် သော ကြောင့်လည်းကောင်း၊သံဃာတော်အပါးတစ်ထောင်ကျော်ရှိကြောင်း ပြောကြားခြင်း ကြောင့် လည်းကောင်း၊ သံဃာတော်အပါးတစ်ထောင်ကျော်ရှိသည်မှာ ပဲခူးမြို့တွင် ကြခတ် ၀ိုင်းကျောင်းတိုက် တစ်ခုတည်းသာရှိသောကြောင်း လည်းကောင်းစသည့်အကြောင်းများ ကြောင့် ကြခတ်ဝိုင်း ဆရာတော်၏အသံအမှန်တကယ်ဖြစ်ကြောင်း ဖော်ထုတ် တင်ပြလိုက်ရ ပါသည်။




ထိုဆရာတော်သည် နအဖစစ်အစိုးရနှင့်ပူးပေါင်းပြီး သံဃာတော်များအား ဖမ်းဆီးစေခြင်းသည် ယခင်ကလည်းရှိခဲ့ကြောင်း၊ သူ၏ကျောင်းတိုက်ကိုလည်း နအဖစစ်အစိုးရပုံစံအတိုင်း တစ်မိန့် တစ်အာဏာစနစ်ဖြင့်အုပ်ချုပ်ကြောင်း ထိုကျောင်းတိုက်နေထိုင်ဖူးသူများက ပြောပြကြပါ သည်။
ထို့ပြင် စာရေးသူသည်လည်း ထိုကျောင်းတိုက်အတွင်းရှိ `အမတ´ ကျောင်းဆောင်တွင် သီတင်းသုံးနေထိုင်၍ ၂-နှစ်မျှပညာသင်ကြားခဲ့ဖူးသောကြောင့်လည်းကောင်း ထိုအသံ ပိုင်ရှင် သည် ကြခတ်ဝိုင်းဆရာတော် အစစ်အမှန်ဖြစ်သည်ဟု ရဲဝံ့စွာ ပြောဆိုရဲခြင်းဖြစ်ပါသည်။
စာရှုသူအနေဖြင့်လည်း ထိုအသံပိုင်ရှင်သည် ကြခတ်ဝိုင်းဆရာတော်အစစ်အမှန်ဖြစ်ကြောင်း သံသယကင်းစွာယုံကြည်ကြစေလိုပါသည်။

(မှတ်ချက်=သားသုံးသားအမြစ်ပြတ်သတ်ဖြတ်ချေမှုန်းရန် ၀န်ကြီးနှင့်တိုင်းမှူးတို့အား အကြံ ပေး တိုက်တွန်းပြောကြားခဲ့သော ဆရာတော်သည် သူ၏ပြောဟန်ဆိုဟန် ရေစက်ချဟန်တို့ ကိုထောက်ရှု၍ ကြခတ်ဝိုင်းဆရာတော်ဖြစ်သည်ဟု အများကယူဆကြပါသည်။ သို့သော်လည်း အထူးမှာကြားလိုသည်မှာ ကျွန်ုပ်တို့၏ ဦးတည်ချက်ကို ထိုဆရာတော်ဘက်သို့ လှည့်မသွား သေးးဘဲ နအဖစစ်ခွေးများ ပြုတ်ကျရေးနှင့် ဒီမိုကရေစီရရှိရေး ဆက်လက်လုပ်ဆောင် ရန်ဖြစ်သည်။)


ရှင်အမတ
(ကြခတ်ဝိုင်းစာသင်သား)


http://www.lanka-msma.co.cc/

0 comments: