Wednesday, October 10, 2007

သွေးစွန်းပေကျံခဲ့တယ်

ညီနိုင်

သွေးစွန်းပေကျံခဲ့တယ်
နှစ်အလီလီသေနတ်ပြောင်းအောက်မှာ
အပျိုမတွေအလှပျက်
ခလေးတွေ ပိန်ညစ်ညစ်
ဦးခေါင်းများစွာကြေမွမွ…။

တော်လှန်ရေးကို ငါတို့
အမိန့်မပေးရဘူး
ငါတို့ကိုပဲ တော်လှန်ရေးက
အမိန့်ပေးလေ့ရှိတယ်
တော်လှန်ရေးရဲ့ တရားသံ
ငါတို့ နာခံရမယ်။

ခုတော့
ငါတို့
ခေတ်တခေတ်မှာ
အခါခါပေါက်ကွဲပါတော့မယ်
ခင်ဗျားတို့ကို လှုပ်နှိုးဖို့…။ ။
ညီနိုင်

0 comments: