Tuesday, October 9, 2007

သူပုန်ဇာတ်

သံခဲ

ဒီစနစ်ကြီးအောက်မှာ
ကျုပ်တို့
မတရား အမျိုးမျိုး ဒုက္ခရောက်ခဲ့ကြတာပါ။

ဒီစနစ်ကြီးထဲမှာ
ကျုပ်တို့
ကြီးပြင်းခဲ့ပါတယ်။

ဒီစနစ်ကြီးကို တော်လှန်
ကျုပ်တို့
ပုန်ကန်ခဲ့ကြပါတယ်။

ဒါကြောင့်
ကျုပ်တို့ ဘ၀ကိုက
ဒီ စနစ်ကြီးကိုတော်လှန်
ပုန်ကန်ဖို့ မွေးဖွားခဲ့ပါတယ် … ။

သံခဲ

1 comments:

Anonymous said...

ဒီကဗျာရဲ့ မာန်အပြည့် ခံစားချက်တွေကို ခံစားသွားပါတယ် ။