Tuesday, September 25, 2007

စက်တင်ဘာ ၂၅ ရက် ၂၀၀၇
မြန်မာစံတော်ချိန် ၁၂း၀၀ နာရီ


ယနေ့မနက် မြန်မာစံတော်ချိန် ၁၀း၀၀ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သက်တော် (၇၆) နှစ်ရှိတဲ့ ဆရာတော်ကြီးတစ်ပါး ဆန္ဒပြလျှက်ရှိပါတယ်။

ဆရာတော်ကြီးဟာ သာမညနိဗ္ဗာန်ကျောင်းတိုက်ကဖြစ်ပြီးဘွဲ့အမည် ဦးတေဇာဘာသ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ကောင်းမွန်တာတွေ မြင်လိုသောဆန္ဒ သူ့မှာ ရှိတယ်လို့ မိန့်ကြားပြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပိုစတာကြီး (၂) ချုပ်ကိုလည်း ဖြန့်ထားပါတယ်။ ရန်ကုန်မြို့ထဲမှာတော့ ဆန္ဒပြရာမှာ ပြည်သူတွေ လိုက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမယ်လို့ အသံချဲ့စက်များနဲ့ လိုက်လံကြေညာနေပါတယ်။

ကြေးသွန်းဘုရားကြီးမှာတော့ ကိုဇာဂနာ၊ ကျော်သူ၊ အောင်ဝေး ဦးဆောင်ပြီး ဒုတိယနေ့အဖြစ် သံဃာတွေကို ဆွမ်းကပ်နေပါတယ်။

http://www.mandalaygazette.com

1 comments:

Unknown said...

We are all thinking of you in these days!

Lajos

Budapest, Hungary, Central-Europe