Wednesday, September 19, 2007

တောင်တွင်းကြီးမြို့မှ သံဃာတော်များ သပိတ်မှောက်ကံဆောင်

စက်တင်ဘာ ၁၉ ရက် ၂၀၀၇
၁၂း၃၀ နာရီ

တောင်တွင်းကြီးမြို့တွင် ကျောင်းတိုက်ပေါင်း ၃ဝ ခန့်မှ သံဃာတော်များသည် ယနေ့ ပတ္တနိကုဇ္ဈိန ကံဆောင် သပိတ်မှောက်ကြသည်။

နအဖ စစ်အစိုးရကို ဗုဒ္ဓဘာသာ အဖြစ်မှ ထုတ်ပယ် လိုက်ကြပြီး အာဏာပိုင် အိမ်များသို့ ဆွမ်းခံ မကြွဘဲ နေကြခြင်း ဖြစ်သည်။

အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်စာများ မြို့တွင်း ပျံ့နှံ့လျှက်ရှိပြီး လူတချို့ကို ရဲက ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

မဇ္ဈိမ သတင်းဌာန

0 comments: