Wednesday, September 19, 2007

ရန်ကုန် ရွှေတိဂုံဘုရားမှာ လှုပ်လှုပ်ရှားရှားဖြစ်

စက်တင်ဘာလ ၁၉ ရက် ၂၀၀၇
၁၂း၃၅ နာရီ

ရွှေတိဂုံဘုရားဖူးနေသူများကို လုံခြုံရေးများက တွန်းထုတ်ပြီး ဘုရားမုဉ်ဦးများရှိ ဝင်ပေါက်တံခါးများ ပိတ်လိုက်ကြသည်။

ရွှေဂုံတိုင် ဘုန်းကြီးကျောင်းရှေ့ အမေရိကန် သံရုံးကား ဂိုဒေါင်အနီး ရင်ခွင်ပိုက် မူကြို ကျောင်းဝင်းထဲတွင် ဒိုင်းများ၊ ဒုတ်များ ကိုင်ဆောင် ထားသော လုံထိန်းကား တီအီး ၂ စီး အပြည့် ရှိနေသည်။

မျက်နှာချင်းဆိုင် တော်ဝင်နှင်းဆီ ခြံဝင်း အတွင်းတွင်လည်း စစ်ကား ၂ စီး၊ ရဲ အချုပ်ကား ၁ စီးနှင့် မီးသတ်ကား ၁ စီးတို့ အသင့် အနေအထား ပြင် ရပ်ထားသည်။

ရွှေတိဂုံဘုရား မြောက်ဘက် မုဉ် သွေးဆေးကန် ရှေ့တွင် ရဲကားများနှင့် စစ်ကားများ ရှိနေပြီး မြေနီကုန်း ပဒုမ္မာ ပန်းခြံဝင်းအတွင်း ရဲကား ၂ စီး နှင့် အချုပ်ကား ၁ စီး၊ မီးသတ်ကား ၁ စီးနှင့် စစ်ကား ၁ စီး တွေ့မြင်ရသည်။

ရွှေတိဂုံဘုရား တံခါးမပိတ်မီ ဘုရားဖူးရန် လာသူတိုင်းကို လုံခြုံရေးများက စစ်ဆေးခဲ့ကြသည်။

မဇ္ဈိမ သတင်းဌာန

0 comments: