ကမာပုလဲ
တောင်ပြာတွေ မျှော်လင့်ထားခဲ့တဲ့
ကောက်သစ်စားပွဲတခုမှာ
ရာဇ၀င်ထဲက အမုန်းပင်တွေ
အပြီးတိုင်ရိတ်သိမ်းစေမယ်... နွေဦး။
ပျောက်ဆုံးခဲ့ရတဲ့
မေတ္တာသဲလွန်စတွေ
ပြန်လည်ကောက်ရနေမယ့်... နွေဦး။
ချက်နိုင်ငံက
တော်လှန်ရေးသမားကြီး
ဂျူးလိယက်ဖူးချစ်ရဲ့
မောင့်... ဂူစတီနာနဲ့တွေ့ဖို့
အသေအချာကို ချိန်းဆိုထားခဲ့ဖူးတဲ့... နွေဦး။
အနာဂတ် စာသင်ခန်းမထဲမှာ
အလှဆုံးပန်းပေါင်းတရာနဲ့... နွေဦး။
ဘ၀... ဘ၀တွေရဲ့အပေါ်မှာ
တန်းတူခြင်း
ငြိမ်းချမ်းခြင်း
တရားမျှတခြင်းတွေ
ဖူးစေ ပွင့်စေမယ့်... နွေဦး။
ဆောင်းနှောင်းနှင်းတွေရဲ့ ညလယ်ယံမှာ
အရုဏ်ဦးနှင့်အတူ မွေးဖွားလာမယ့်... နွေဦး။
သစ္စာပန်းတွေ တပွေ့တပိုက်နဲ့
အရောက်လာခဲ့မယ်ဆိုတဲ့... နွေဦး။
အဲဒီ နွေဦးပေါ့ ...
မင်းပန်ဖို့ ကိုယ်ခူးခဲ့မှာ။ ။
ကမာပုလဲ
Monday, September 3, 2007
နွေဦး... သီချင်း
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment