ကမာပုလဲ
သို့...
ယုံကြည်စောင့်မျှော်ရခြင်းမှာ
အိုမင်းခြင်းတို့ ရှိခဲ့နိုင်ပါသလား...။
ဆောင်းခိုငှက်တို့ရဲ့ လွတ်မြောက်ရေးရာသီ
ပစ္စက္ခဆည်းဆာရီရဲ့ ချုပ်ညမရောက်မီ အလင်းစ
ဒို့ချင်း သိခဲ့ကြတဲ့ ငယ်အိပ်မက်များ...။
ချစ်သော... ဧရာ
မင်းဟာ
ဝေဒနာတောင်တန်းများစွာရဲ့
သက်ရှိစမ်းချောင်းကလေး တစင်းပ။
ပြည့်အရေးခက်ပေမယ့်
လွမ်းရေးမပျက်ခဲ့တာကို... ယုံ။
ကမာပုလဲ
Monday, September 3, 2007
အရုဏ်ဦးမှ ပေးစာ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment