Thursday, September 27, 2007

မြို့တော်ခန်းမနှင့် ဆူးလေ ဘုရား လတ်တလောအခြေအနေ

စက်တင်ဘာလ ၂၇ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နံနက် ၁၀း၀၀ နာရီ

မြို့တော်ခန်းမရှေ့မှာ စစ်ကား truck ကား ၁၃ စီး၊ မီးသတ်ကား ၇ စီးရှိတယ်။ မြို့တော်ခန်းမ၀င်းထဲမှာ (၂)စီး အပြင်မှာ (၅)စီး မနေ့ပိတ်ခဲ့တဲ့ လမ်းတွေကိုလည်း ဒီနေ့ ပိတ်ထားပါတယ်။ သံဆူးကြိုးများဖြင့် မနေ့က နေရာမှာပါပဲ စစ်သားတစ်ယောက်မှတော့ မရှိပါဘူး။ ရဲအဖွဲ့တစ်ဖွဲ့ကို အင်အား (၂၀)ရှိတယ်။ အလံပြဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်မှာ တစ်ဖွဲ့ဆူးလေအနီးက မဟာဗန္ဓုလလမ်းပေါ်မှာ တစ်ဖွဲ့ဆူးလေးမြောက်ဘက်အပေါက်မှာ ရဲများ စောင့်ကြပ်နေပါတယ်။ ဆူးလေ အပေါ်တက်တဲ့ အပေါက်ကို ပိတ်ထားပါတယ်။

မြို့တော်ခန်းမအတွင်းမှာ အရာရှိများ စီးသည့်ကား (၁၀)စီးရှိတယ်။ အမျိုးအစားမတူပါဘူး သံဆူးကြိုးများကို အဆင်သင့် အခွေလိုက်ချထားပါတယ်။ အရေးကြုံလျှင် သံဆူးကြိုးများ ကာရံဖို့အတွက် ပြင်ဆင်ထားခြင်းပါ ရဲများတွင် တုတ်နှင့် ဓါတ်မီး ပစ်စတိုသေနတ်သာ ပါရှိသည်။ လက်နက်ကြီးများ ကိုင်ဆောင်ထားခြင်းမရှိပါ လောလောဆယ်။ ကားအသွားအလာ ခွင့်ပြုထားပါတယ်။ အလံပြဘုရားလမ်မှဆူးလေကို သွားသည့်လမ်း စုစုပေါင်းလမ်း (၄)လမ်းရှိသည်ကို ကားသွားဖို့အတွက် အလယ်လမ်းနှစ်လမ်းကို ဖွင့်ထားပါတယ်။ ဘေးနှစ်လမ်းကို သံဆူးကြိုးများဖြင့် ကာရံထားပါတယ်ဟု သွားရောက်ကြည့်ရှုခဲ့သူတဦးမှ ဆုံဆည်းရာသို့ သတင်းပေးပို့ခဲ့သည်။

ဆုံဆည်းရာ

0 comments: