Thursday, September 27, 2007

အ၀ီစိလားမည့် နအဖ

စက်တင်ဘာလ ၂၇ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နံနက် ၉း၀၀ နာရီ

ယနေ့နံနက် ၂ နာရီ မိနစ် ၄၀ တွင် နအဖ စစ်တပ်မှ တောင်ဥက္ကလာပမြို့နယ် ငွေကြာရုံ ဘုန်းကြီးကျောင်းရှိ သံဃာတော်များအား ၀င်ရောက်ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ဘုန်းကြီးအနီးပတ်ဝန်းကျင်တွင် နေထိုင်သူများက ၀င်ရောက်ရိုက်နှက်သံများပါ ကြားနေရသည်ပြောဆိုသည်။ တချို့ဘုန်းကြီးများ ကိုရင်လေးများအား ရိုက်နှက်သဖြင့် ကိုရင်လေးများ ငိုယို၍ ဘုန်းကြီးကျောင်းဝင်းတွင် ပြေးလွှားနေသည်ကို မြင်တွေ့ရကြောင်း မျက်မြင်တဦးမှ ပြောကြားသည်။

အလားတူ ယမန်နေ့ညက သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ သိမ်ဖြူ ဘုန်းကြီးကျောင်းရှိ သံဃာတော်များ အားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုရင်လေးနှစ်ပါးသာ ကျောင်းတွင် ထားခဲ့ကြောင်း သိရှိရသည်။

ဆုံဆည်းရာ

0 comments: