၈ - ၉ ၂၀၀၇
ဟုတ်ကဲ့ ကိုဂျင်မီနဲ့ပတ်သက်ပြီးတော့ပေါ့နော် သူ့ရဲ့ကျန်းမာရေး အခြေအနေမကောင်းဘူးလို့ ကျမတို့ကြားတယ် ပေါ့နော်။ အခုဆိုလို့ရှိရင် ကိုဂျင်မီအပါအ၀င်ပေါ့နော်၊ ကျောင်းသားခေါင်းဆောင်အားလုံးကို ဖမ်းသွားတာ (၁၈) ရက် ရှိပြီပေါ့နော်။ သူတို့နဲ့ပတ်သက်တဲ့ ဘယ်နေရာရောက်လို့ ရောက်နေမှန်မသိဘူးပေါ့နော်။ ဖြစ်နေတဲ့အချိန်မှာ အခု ကိုဂျင်မီရဲ့ ကျန်းမာရေးအခြေအနေလဲ အနေအထားမကောင်းဘူးဆိုတာကို ကျမတို့ သိရတယ်ပေါ့နော်။ မနေ့တုန်းက သူရိန်အောင်တို့အုပ်စုပေါ့နော်။ ကလေးတွေနဲ့ပတ်သက်ပြီးတော့ ဒီအရွယ်မရောက်သေးတဲ့ ကလေးတွေတောင်မှ သူတို့စစ်ဆေးမေးမြန်းတဲ့အခါမှာ ရှော့ခ်ရိုက်တာတွေ ဒလိမ့်တုံးနဲ့လှိမ့်တာတွေ ပြီးတော့ ပါးစပ်ကနေ သွေးထွက်အောင် ရိုက်နှက်တာတွေကို ကျမတို့ကြားရတယ်။ အဲဒီလိုကြားကတည်းက ကိုဂျင်မီအပါအ၀င်ပေါ့နော် အဖမ်းအဆီးခံနေရတဲ့ ကျမတို့ခေါင်းဆောင်တွေ အားလုံးအတွက် အတော်လေးကို စိုးရိမ်မိသွားတယ်ပေါ့နော်။ အခု လူသူမမြင်တဲ့နေရာမှာ သူတို့တတွေဟာ မတရားရိုက်နှက်နေတာကို ကျမတို့ တွေ့ရတယ်။ အခုဆိုလိုရှိရင် ဘယ်သူမှမမြင်နိုင်တဲ့ မမြင်ကွယ်ရာမှာ ကိုဂျင်မီအပါအ၀င် ကျောင်းသား ခေါင်းဆောင်တွေကို ဘယ်လိုအနေအထားနဲ့ ဆက်ဆံနေမလဲ၊ ဘယ်လိုလုပ်နေမလဲပေါ့နော် ဆိုတဲ့အရာတွေကို ကျမတွေးမိပါတယ်။ အခုလဲ ကိုဂျင်မီနဲပတ်သက်ပြီးတော့ ၀င်လာတယ်ပေါ့နော်။ ကျမတို့ကြားရတယ်။
ဒါကတော့ အခုသူတို့ရဲ့ အခြေအနေပေါ့နော်။ သူတို့လက်ထဲမှာ အကုန်လုံးဟာ အဆိုးဆုံးကို ကျမတို့တွေးထား ပါတယ်။ အဆိုးဆုံးဖြစ်လာမယ့် အရာပေါ်မှာလဲ ကျမတို့ အကောင်းဆုံး ရင်ဆိုင်နိုင်အောင် ကြိုးစားရမှာပေါ့နော်။
ဟုတ်ကဲ့ ရင်ထဲကပေါ့နော် ကျမတို့က အရာအအားလုံးကို အဆိုးဆုံးအခြေအနေအထိ ကြိုတင်တွေးထားပါတယ်။ အဲဒီအဆိုးဆုံးကိုလဲ ကျမရင်ဆိုင်နိုင်အောင် ကြိုးစားထားပါတယ်။ အဲဒီအဆိုးဆုံးတွေကို ရင်ဆိုင်ရရင်လဲ ကျမတို့ ဦးတည်ချက်ဟာ ပျောက်သွားမှာ မဟုတ်ပါဘူး။ ကျမ လုပ်သင့်လုပ်ထိုက်တာတွေအားလုံးကို အောင်မြင်တဲ့အထိ ကျမဆက်လုပ်သွားမှာပါ။ အခုပေါ့နော် ပခုက္ကူမှာ ဖြစ်ပေါ်သွားတဲ့ကိစ္စဆိုလို့ရှိရင်ပေါ့နော် ဘုရားရဲ့သားတော် သံဃ်ာတော်တွေကိုတောင်မှ သူတို့တွေက လူမြင်ကွင်းမှာ ကြိုးကွင်းနဲ့ပစ်ပြီးတော့ သံဃာတော်တွေကို လုပ်ဆောင်ခဲ့တာတွေရှိတယ်။ အခုလက်ရှိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို သူတို့ ဖမ်းဆီး ထားတဲ့အခါမှာ ဒီလူတွေအပေါ်မှာ သူတို့တွေ ဘယ်လိုနှိပ်စက်မလဲ ဘယ်လိုညှင်းပမလဲ ဆိုတဲ့အရာအားလုံးဟာ ကျမတို့တွေးထားလို့ရပါတယ်။
ကိုဂျင်မီဟာ တကယ်ကို သေဆုံးသွားတယ်ဆိုလို့ရှိရင် ဒီသေဆုံးမှုဟာ ပြည်သူတွေအတွက် ပြည်သူတွေ အခုဖြစ်ပေါ်နေတဲ့ အခက်အခဲ၊ အကြပ်အတည်းတွေကို ဖြေရှင်းရင်နဲ့ သေဆုံးသွားတယ်ဆိုတဲ့ဟာကို ပြည်သူတွေ အားလုံးသိပြီး ဒီအပေါ်မှာ ပြည်သူတွေဟာ အင်အားတခုအနေနဲ့ ဆက်လက်ပြီးတော့ ကျန်ရှိနေတဲ့သူတွေနဲ့ပေါင်း ပြီးတော့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲ အကြပ်အတည်းတွေကို ပြည်သူတွေရှေ့ကနေပြီးတော့ တကယ့်ဘ၀တွေ အသက်တွေကို ပေးဆပ်ပြီးတော့ စတေးနေတဲ့ ကျောင်းသားပြည်သူတွေ၊ ရဟန်းသံဃာတွေနဲ့ ဆက်လက်ပြီးတော့ ပူးပေါင်းလက်တွဲကြပါလို့ ကျမပြောချင်ပါတယ်။ တကယ်သာ ကိုဂျင်မီဟာ တကယ်ဒီထောင် ထဲမှာ သေဆုံးသွားတယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာအားလုံးကို တရားဥပဒေဘောင် အတွင်းကနေ ကျမတို့ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကို ကိုဂျင်မီကို လာဖမ်းတဲ့အခါမှာ လာဖမ်းတဲ့တာဝန်ရှိတဲ့သူတွေက ဒါဖမ်းတာမဟုတ်ပါဘူး။ စစ်ဆေးဖို့ဆိုပြီးတော့ ခေါ်ဆောင်သွားတယ်။ တကယ်တန်းစစ်ဆေးတဲအခါမှာလဲ သူတို့တွေဟာ လူတယောက်ရဲ့ အသက်အန္တရယ်ကို ထိပါးအောင် သူတို့တတွေ လုပ်ဆောင်ခွင့်လုံးဝမရှိပါဘူး။ ဟုတ်တယ်နော်။ သူတို့သိချင်တဲ့အရာကို သူတို့ သိချင်တဲ့အရာကို မေးမြန်းနိုင်တယ်။ လူတယောက်ရဲ့ အသက်ဆုံးပါးအောင် သူတို့လုပ်ဆောင်ခွင့် လုံးဝမရှိဘူး။ အဲဒီအတွက် တကယ်သာ ကိုဂျင်မီသေဆုံးခဲ့မယ်ဆိုရင်သေဆုံးမှုနဲ့ပတ်သက်ပြီးတော့ ကျမ ဥပဒေဘောင် အတွင်းကနေပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာပါ။
မနီလာသိန်း
၈၈ မျိုးဆက် မြေအောက်ကျောင်းသူ
0 comments:
Post a Comment