Saturday, September 29, 2007

စက်တင်ဘာ ၂၉ ရက် ၂၀၀၇

သပိတ်မှောက် သံဃာတွေကို ရိုက်နှက်တာ ဖမ်းဆီးတာတာကို တပ်မ ၇၇ က မဟုတ်ဘူးလို့ တပ်မ ၇၇ မှ ဗိုလ်မှူးကြီး တဦးက ပြောပါတယ်။ ဦးအောင်သောင်းနှင့် ဒီပဲယင်း အကြမ်းဖက်မှုမှာ ကြီးကြပ်တဲ့ ဗိုလ်မှူးကြီး သန်းဟန် တို့က အရေးပေါ်ဖွဲ့စည်းထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေးအဖွဲ့ဖြစ်လို့ပြော ကြားသည်။ ထိုအဖွဲ့ကို ညကတည်းက စိတ်ကြွဆေးတိုက်ကြွေးထားတယ်လို့ သိရှိရသည်။

စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး နှင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း တို့က ညဘက်တွင် သံဃာတော်များနှင့် ပြည်သူများကို ဖမ်းဆီးရန် တာဝန်ယူထားပြီး၊ ဦးအောင်သောင်းနှင့် ဗိုလ်ချုပ် ဌေးဦးတို့က အကြမ်းဖက် နှိမ်နင်းရန် တာဝန်ယူထားကြောင်း သိရှိရသည်။

ဒီဗွီဘီ

0 comments: