ဆရာတော် အရှင်အဓိပတိရာဇာ
သောတုဇနဘိက္ခုခေါ် စာသင်သားသံဃာတော်များအဖွဲ့
“သံဃာ့မဟာနာယကအဖွဲ့မဟုတ်တော့ဘူး။ သူတို့က သံဃာ့စွမ်းအားရှင်အဖွဲ့ဖြစ်သွားပါပြီ၊ ဘာဖြစ်လို့တုန်း ဆိုတော့ မြို့နယ်သံဃာ့မဟာနာယကအဖွဲ့က သံဃာ့စွမ်းအားရှင်အဖွဲ့မှာ အဖွဲ့ခေါင်းဆောင်ဖြစ်တယ်။ … ဦးဇင်းတို့အနေနဲ့ ပခုက္ကူမြို့နယ်သံဃာ့မဟာနာယကအဖွဲ့လို့ မမြင်ပါဘူး၊ ပခုက္ကူသံဃာ့စွမ်းအားရှင်အဖွဲ့လို့ မြင်တဲ့အတွက်
ဦးဇင်းတို့ သောတုဇနဘိက္ခုအဖွဲ့က ငတေဇော လို့ခေါ်တာဖြစ်ပါတယ်။ မြို့နယ်သံဃာ့ မဟာနာယကအဖွဲ့ဝင်တွေရဲ့ ကျောင်းတိုင်းမှာရှိတဲ့ သံဃာ (၅) ပါးစီကို စုစည်းပြီး လွန်ခဲ့တဲ့ (၂) လကျော်မှာ တိတ်တဆိတ် ဖွဲ့စည်းထားခဲ့တဲ့ သံဃာ့စွမ်းအားရှင်အဖွဲ့မှာ သာသနာရေးဦးစီးမှူးက အတွင်းရေးမှူးဖြစ်တယ်။ သောတုဇနဘိက္ခုအဖွဲ့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀) လောက်ကတည်းက ဖွဲ့စည်းတည်ရှိနှင့်တာ ဖြစ်တယ်။ ခေါင်းဆောင်ဟာ ဂေါတမမြတ်စွာဘုရားဖြစ်ပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ စာသင်သားမှန်သမျှဟာ သောတုဇနဘိက္ခုတွေဖြစ်တယ်။ ရဟန်းပျိုသမဂ္ဂ၊ သံဃာ့သမဂ္ဂီ စတဲ့သံဃာ့အဖွဲ့အစည်းအားလုံးကိုလည်း သောတုဇနဘိက္ခုအဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။ သံဃာတွေဟာ သံဃာတွေကိုလာထိရင်တော့ ဘယ်တုန်းကမှ ငုံ့ပြီးတော့ခံရိုးထုံးစံမရှိပါဘူး။ ဒါ့ကြောင့်မို့လို့ သံဃာထုအားလုံးပါဝင်လာအောင်လို့ လှုံ့ဆော်တာပဲဖြစ်ပါတယ်၊ အားလုံး ညီညီညွတ်ညွတ်နဲ့ ရက်စက်ယုတ်မာတဲ့ အာဏာပိုင်ရဲ့ လက်ကိုင်တုတ်တွေကို တော်လှန်ကြဖို့။ အာခံကြဖို့အတွက် ညီညီညွတ်ညွတ်ဆောင်ရွက်ကြပါစို့။ ဆက်လက်တိုက်ပွဲဝင်သွားမယ်”
ဆရာတော် အရှင်အဓိပတိရာဇာ
သောတုဇနဘိက္ခုခေါ် စာသင်သားသံဃာတော်များအဖွဲ့
Thursday, September 6, 2007
သောတုဇနဘိက္ခုခေါ် စာသင်သားသံဃာတော်များအဖွဲ့မှ ဆရာတော် အရှင်အဓိပတိရာဇာ ၏ မိန့်ကြားချက်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment