စက်တင်ဘာလ ၆ ရက် ၂၀၀၇ ခုနှစ်
၁၃၆၉ ခုနှစ် ၀ါခေါင်လဆုပ် ၉ ရက် ကြာသပတေးနေ့
၁၊ ပခုက္ကူမြို့ ငြိမ်းချမ်းစွာ မေတ္တာပို့ဆန္ဒပြကြသော သံဃာရတနာများအား နအဖလက်ကိုင်တုတ်များက သေနတ်ဖြင့်ပစ်ခတ်ခြင်း။ ဦးခေါင်းအား နံပါတ်တုတ်ဖြင့်ရိုက်ခြင်း။ တိုင်များတွင် ကြိုးများဖြင့်ချည်နှောင်ထားခြင်း။ တိရစ္ဆာန်များပမာ ကြိုးကွင်းပစ်ဖမ်းဆီးခြင်းတို့အား မိမိတို့သံဃာထုက စက်ဆုပ်မုန်းတီးစွာဖြင့် ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်လိုက်သည်။
၂၊ ယခုအခါ သံဃာ့မဟာနာယကအဖွဲ့သည် အာဏာပိုင်များနှင့်ပူးပေါင်းပြီး သံဃာ့စွမ်းအားရှင် အဖွဲ့သို့ အသွင် ကူးပြောင်းကာ သံဃာငယ်များအား ကိုယ်ထိလက်ရောက်ကျူးလွန်လာသည်မှာ ပခုက္ကူစွမ်းအားရှင် ခေါင်းဆောင် ငတေဇော၏လုပ်ရပ်မှာ အထင်ရှားဆုံးသာဓကတစ်ခုဖြစ်ပါသည်။
၃၊ သို့ပါ၍ သံဃာတော်များ၏ ဦးဆောင်နာယကအမည်ခံ အာဏာပိုင်လက်ပါးစေ သံဃာတု၊ သံဃာယောင် အဖွဲ့ဆိုးအား အသိအမှတ်မပြုတော့ကြောင်း ကြေညာလိုက်သည်၊ သံဃာ့နာယက ဆိုင်းဘုတ် အားလုံး ဖြုတ်ချကြရန် တိုက်တွန်းနျိးဆော်လိုက်သည်။
၎၊ မိမိတို့သံဃာထုအား တိရစ္ဆာန်ပမာ ဆက်ဆံရုံမျှမက အသက်အန္တရာယ်ပါရန်ရှာနေသော အာဏာပိုင်များအား ဒကာဒကာမ ပြည်သူများနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားကြရန် အလေးအနက် တိုက်တွန်းနှိုဆော်လိုက်သည်၊
သောတုဇန ဘိက္ခု
Thursday, September 6, 2007
သောတုဇနဘိက္ခုအဖွဲ့၏ကြေညာချက်
Posted by
ဖိုးညို
at
6:02 PM
Labels: ထုတ်ပြန်ကြေညာချက်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment