စက်တင်ဘာလ ၁၉ ရက် ၂၀၀၇
စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း သံဃာတော် အပါး (၁၅၀) ခန့်က ဒီနေ့မနက် (၈) နာရီခန့်မှာ စီတန်းကြွချီ ဆန္ဒပြပါတယ်၊ သံဃာတော်များက ကလေးမြို့လယ်လမ်းဆုံ မဟာဗန မေတ္တာပို့ကြွချီ ဆန္ဒ ပြကြပြီး မနက် (၉) နာရီကျော်မှာ ကျောင်းတိုက်များကို ပြန်လည်ကြွချီသွားတယ်လို့ ကလေးမြို့ခံ တဦးက ပြောပါတယ်၊ “ဆုတောင်း တာပေါ့။ မေတ္တာပို့တာပေါ့။ စာရွက်လေးတွေနဲ့။ အပါး (၁၅၀)၊ ... သက်ဆိုင်ရာကတော့ ဘေးကနေရပ်ကြည့်တာ လောက်ပဲ။ ရဲတွေက။ အရပ်ဝတ်တွေနဲ့လေ။ ရပ်ကြည့်တာလောက်ပဲ ရှိတာ၊” သံဃာတော်များအပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်စော်ကားခဲ့မှုအတွက် ၀န်ချတောင်းပန်ဖို့ တောင်းဆိုချက်ကို စစ်အစိုးရအာဏာပိုင်များက လျစ်လျူရှုနေတာကြောင့် သံဃာတော်များက စစ်အစိုးရအာဏာပိုင်များနဲ့ အဆက်အဆံဖြတ်တောက်ကြောင်း သပိတ်မှောက်ကံဆောင်ပွဲကို ပြုလုပ်ပြီး ကြွချီမေတ္တာပို့ဆန္ဒပြနေတာ ဖြစ်ပါတယ်။။ DVB
Wednesday, September 19, 2007
စစ်ကိုင်းတိုင်း ကလေးမြို့တွင် သံဃာတော်များ သပိတ်မှောက်ကံဆောင်ပွဲ ပြုလုပ်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment