ကျနော့် မိန်းမ မီးဖွားရမယ်
ဆေးရုံကို ဘယ်လမ်းက သွားလဲ
ဒီလမ်းကသွား...
ယေဘူယျ လမ်းလို့ ခေါ်တယ်
ကျနော့် အမေ အသုဘ ချရမယ်
သုသာန်ကို ဘယ်လမ်းက သွားလဲ
ဒီလမ်းကသွား...
ယျေဘူယျ လမ်းလို့ ခေါ်တယ်
ဟာ... ဒါက ဆေးရုံသွားတဲ့လမ်းကြီးလေ
မှားနေပြီ...
မမှားပါဘူး...
သုသာန်ဘေးမှာ ဆေးရုံ လာဆောက်ထားတာလား
ဆေးရုံဘေးမှာ သုသာန် လာဆောက်ထားတာလား
ဘယ်လူသားမှ သေချာ မကွဲပြားပေမယ့်
ဆေးရုံဘေးမှာ သုသာန်ရှိတာတော့ သေချာခဲ့တယ်
အဆောက်အဦး ၂ ခုစလုံးက တစ်ပုံစံတည်းရယ်...
ဒါနဲ့ ...ခင်ဗျားက ဘယ်မှာနေတာလဲ
ဒီ ယေဘူယျလမ်းထဲမှာပေါ့
ခင်ဗျားလိုပဲလေ
ဆေးရုံကိုပြေးလိုက် သုသာန်ကိုပြေးလိုက်
မောဟိုက်နေတာကို မမောဟိုက်နိုင်တဲ့ ဘဝထဲ
ဘတ်စ်ကားလည်း ရပ်နားချင်တာပဲပေါ့ဗျာ...
ဖြစ်ပြု ခြင်း နဲ့  ပျက်သုန်းခြင်းကြား
ခြံစည်းရိုးလေးပဲခြားရဲ့ 
လူဟာ အဝေးဆုံးကနေ ပတ်လျှောက်ရောက်ခဲ့တယ်
ယေဘူယျလမ်းက သာမညပေမဲ့...
အရာရာ ရှုပ်နေတယ်
ဘေးခလုပ်ပေါ် ဆူးညှောင့်တွေ အလုပ်ရှုပ်သလိုမျိုးပေါ့...
ဒါပေမဲ့...
သုသာန်ကတော့ အရှုပ်မခံဘူးဗျ
ရုပ်နာမ်ဟာ အဲဒါကိုသိလို့  ကြို ခွဲ ဖြဲ ခဲ့
ရှင်ခြင်းရဲ့ သေပွဲမှာ
ယေဘူယျတရားက သမာဓိပြည့်နဲ့ 
နေဟာ အရပ် ၄ မျက်နှာက ထွက်တယ်...!!!
သုအိုင်စံ
၂၅-၀၁-၂၀၁၄
မြန်မာ့ရေးရာ သတင်းပဒေသာ (၄ ဖေဖော်ဝါရီ ၂၀၂၁)
-
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အစိုးရက ဖေ့စ်ဘွတ်ကို ဒီနေ့ကစပြီး ဖေဖော်ဝါရီ ၇
၇က်နေ့အထိ ပိတ်ထားတယ်လို့ သိရပါတယ်။
- တိုက်ရိုက်ထုတ်လွှင့်မှု - NLD အမတ်တွေ ကိုယ...
2 months ago
0 comments:
Post a Comment