Friday, November 9, 2007

မစ္စတာအီဘရာဟန် ဂမ်ဘာရီ (ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ မျိုးဆက်သစ်လူငယ်များအဖွဲ့မှကိုယ်စားပြုတင်ပြခြင်း၊

မစၥတာဂမ္ဘာရီ ခင္ဗ်ား

6th Nov 2007 (Tue) တွင်ထုတ်ပြန်ကြေညာခဲ့သော
မြန်မာစစ်အစိုးရအာဏာပိုင်များ၏ သဘောထားအရ စစ်အစိုးရနေဖြင့်
၎င်းတို့အာဏာတည်မြဲရေးကိုသာ ဦးတည်လုပ်ဆောင်နေသည်ဖြစ်ပြီး
မြန်မာပြည်သူများနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ မိသားစုများ၊
အဖွဲ့အစည်းများ၏ လိုလားချက်ဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေး၊
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ
အခွင့်အရေးများ ဖော်ဆောင်ရေးကို လုံးဝလစ်လျူရှုငြင်းဆန်ကြောင်း
အဓိပ္ပယ်သက်ရောက်ခဲ့ပါသည်။

၎င်းသဘောထားထုတ်ပြန်ချက်များမှာ စစ်အစိုးရနှင့် ၎င်းတို့၏ နောက်လိုက်
လက်တဆုပ်စာလူတစ်စု၏ သဘောထားသာဖြစ်ပါသည်။ ၎င်းသဘောထားများအား ၅၇သန်းသော
မြန်မာပြည်သူလူထုတစ်ရပ်လုံးက လုံးဝ(လုံးဝ) ထောက်ခံမှုမရှိကြောင်း
သိစေအပ်ပါသည်။ ပြည်သူလူထုအနေဖြင့် မစ္စတာဂမ်ဘာရီအား ယုံကြည်အားကိုး
ထောက်ခံလျှက်ရှိသောကြောင့် မြန်မာ့ဒီမိုကရေစီအရေးကို မြန်မာပြည်သူများ၏
လိုလားချက်များအတိုင်း ရပ်တည်၍ အောင်မြင်သည်အထိ ကူညီ
ဆောင်ရွက်သွားစေလိုပါသည်။ ထိုသို့ ဆက်လက်ကူညီသွားမည်ဟုလည်း ပြည်သူလူထုမှ
မျှော်လင့် ယုံကြည်လျှက်ရှိပါသည်။


သို့ပါ၍ ပြည်သူလူထုနေဖြင့်လည်း လူတန်းစားမျိုးစုံပါဝင်သော
ကျောင်းသားအဖွဲ့၊ ဘာသာရေးအဖွဲ့၊ လုပ်သားပြည်သူလူထု အဖွဲ့စသည်တို့ဖြင့်
ဖွဲ့စည်းတည်ဆောက်ထားသော မျိုးဆက်သစ်လူငယ်များအဖွဲ့အစည်း မှအကြမ်းမဖက်
ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်းပြည်သူတရပ်လုံးကိုယ်စား
မျိုးဆက်သစ်လူငယ်များအဖွဲ့အစည်းမှ အသိပေးတင်ပြအပ်ပါသည်။



မြန်မာနိုင်ငံလုံးဆိုင်ရာ မျိုးဆက်သစ်လူငယ်များအဖွဲ့

( ရန်ကုန်မြို့ )

0 comments: