Tuesday, December 3, 2013

ဦးရဲထွဋ္ဋ်၏ကာတွန်း ...
























(ဒေါက်တာ လွဏ်းဆွေဘလော့ခ်မှ ကူးယူ ဖော်ပြသည်)

ဆုံဆည်းရာ

အပြည့်အစုံသို့...

Monday, February 18, 2013

အပြည့်အစုံသို့...

Friday, February 8, 2013

၂၄ နာရီ မီးလင်းစေချင်တယ်

အပြည့်အစုံသို့...


အပြည့်အစုံသို့...

Thursday, February 7, 2013

မြန်မာကျော်အဆိုအမိန့်များ


အပြည့်အစုံသို့...

ယခုအပတ်အကြိုက်ဆုံးကာတွန်း


အပြည့်အစုံသို့...

Wednesday, January 9, 2013

ယခုအပတ် အကြိုက်ဆုံး ကာတွန်း (ဟာကျူလီကသာ)


အပြည့်အစုံသို့...

Tuesday, December 25, 2012


အပြည့်အစုံသို့...

Friday, December 21, 2012

အပြည့်အစုံသို့...

Thursday, December 20, 2012


အပြည့်အစုံသို့...

Friday, December 14, 2012

ယခုအပတ်အကြိုက်ဆုံး ကာတွန်း

အပြည့်အစုံသို့...

Saturday, December 1, 2012

ယခုအပတ် အကြိုက်ဆုံးကာတွန်း

အပြည့်အစုံသို့...

Thursday, January 12, 2012

ပြည်ပန်းညို ချိုပါလျက် ဆားဖျက်တဲ့ မိုဘိုင်းကဒ်

ယနေ့ ပြည်သူတွေ စိတ်အဝင်စားဆုံးသတင်းမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘာတွေပြောသွားလဲဆိုသည့် သတင်းလည်းမဟုတ်၊ မာစီးဒီးလို တန်ဖိုးကြီးကားတွေ သွင်းခွင့်ပြုလိုက်ပြီဆိုသည့် သတင်းကလည်း သာမန်လက်လုပ်လက်စား တွေအတွက် စိတ်ဝင်စားစရာ သတင်းမဟုတ်ပေ။ သို့သော် ပြည်သူလူထု အများစု သိချင်နေကြသည့် သတင်းတစ်ခု အရပ်တကာထဲတွင် ဟိုးဟိုးကျော်နေပြီ။
ငါးထောင်တန် ဖုန်းကဒ်များ ရောင်းချတော့မည့်သတင်းမှာ အင်တာနက်စာမျက်နှာများမှ ပုံနှိပ်ဂျာနယ်များပေါ် အထိ ရောက်ရှိလာသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ မိုဘိုင်ဆင်းကဒ် တစ်ကဒ်လျှင် ငါးထောင်ကျပ်နှင့် ရောင်းချပေးနိုင်မည့် Proposal ကို နိုင်ငံတော်သမ္မတကြီးထံ တင်ပြထားသည်ဟု အဆိုပါကုမ္ပဏီ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးက မီဒီယာများကို ဖိတ်ခေါ်၍ အသိပေးလိုက်သည်။ သမ္မတကြီးမှ ခွင့်ပြုသည်နှင့်တပြိုင်နက် စတင်ဖြန့်ချိတော့မည်ဟုလည်း အသိ ပေးလိုက်သည်။ ဈေးနှုန်းနှင့် ခေါ်ဆိုခမှာ မြန်မာ့ဆက်သွယ်ရေးမှ GSM, CDMA, ကမ်းရိုးတမ်းတွေထက် အံသြဖွယ်ကောင်းလောက်အောင် နည်းပါးသော်လည်း စီးပွားရေးအရ တွက်ခြေကိုက်သည့်အပြင် အရှိန်ရလာလျှင် ဆင်းကဒ်ဖိုး ငါးထောင်ကိုပင် ယူတော့မည်မဟုတ်ဘဲ ခေါ်ဆိုခကိုသာ ကောက်ခံတော့မည်ဟုလည်း ၎င်းအရာရှိကြီးက ဆက်လက်ပြောကြားလိုက်သေးသည်။ ခေါ်ဆိုခပင်လျှင် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင်များပြားနေသေးကြောင်းလည်း ဝန်ခံသွားခဲ့သည်။

ပြည်သူတွေအနေဖြင့် ထိုကိစ္စ အမှန်တကယ် အကောင်အထည်ဖော်လာရန် ဆုတောင်းနေကြရပါသည်။ မည်သည့်နိုင်ငံတွင်မှ မပေးရသည့် ဖုန်းဈေးနှုန်းနှင့် ကြီးမြင့်လှသော ခေါ်ဆိုခတွေကို ဆင်းရဲသောပြည်သူတွေ ပေးဆောင်နေကြရသည်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း မလိုလားအပ်သည့် အပိုကုန်ကျစရိတ်( Transaction Cost) တွေကြောင့် ဒေသတွင်းနိုင်ငံတွေနှင့် ယှဉ်ပြိုင်ရောင်းချနိုင်စွမ်းမရှိ ဖြစ်နေရသည်။ Transaction Cost တွေ လျော့ချရမည့် ကိစ္စကို တိုင်းပြည်အခြေပြုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည့် သမ္မတကြီးအနေဖြင့်လည်း ယခုကိစ္စကို သဘောတွေ့လိမ့်မည် ထင်ပါသည်။


ယနေ့ ပြည်သူတွေ စိတ်အဝင်စားဆုံးသတင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ကဝင်ပြိုင်မှာလဲဆိုသည့် သတင်းမဟုတ်၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘာတွေပြောသွားလဲဆိုသည့် သတင်းလည်းမဟုတ်၊ မာစီးဒီးလို တန်ဖိုးကြီးကားတွေ သွင်းခွင့်ပြုလိုက်ပြီဆိုသည့် သတင်းကလည်း သာမန်လက်လုပ်လက်စား တွေအတွက် စိတ်ဝင်စားစရာ သတင်းမဟုတ်ပေ။ သို့သော် ပြည်သူလူထု အများစု သိချင်နေကြသည့် သတင်းတစ်ခု အရပ်တကာထဲတွင် ဟိုးဟိုးကျော်နေပြီ။
ငါးထောင်တန် ဖုန်းကဒ်များ ရောင်းချတော့မည့်သတင်းမှာ အင်တာနက်စာမျက်နှာများမှ ပုံနှိပ်ဂျာနယ်များပေါ် အထိ ရောက်ရှိလာသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ မိုဘိုင်ဆင်းကဒ် တစ်ကဒ်လျှင် ငါးထောင်ကျပ်နှင့် ရောင်းချပေးနိုင်မည့် Proposal ကို နိုင်ငံတော်သမ္မတကြီးထံ တင်ပြထားသည်ဟု အဆိုပါကုမ္ပဏီ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးက မီဒီယာများကို ဖိတ်ခေါ်၍ အသိပေးလိုက်သည်။ သမ္မတကြီးမှ ခွင့်ပြုသည်နှင့်တပြိုင်နက် စတင်ဖြန့်ချိတော့မည်ဟုလည်း အသိ ပေးလိုက်သည်။ ဈေးနှုန်းနှင့် ခေါ်ဆိုခမှာ မြန်မာ့ဆက်သွယ်ရေးမှ GSM, CDMA, ကမ်းရိုးတမ်းတွေထက် အံသြဖွယ်ကောင်းလောက်အောင် နည်းပါးသော်လည်း စီးပွားရေးအရ တွက်ခြေကိုက်သည့်အပြင် အရှိန်ရလာလျှင် ဆင်းကဒ်ဖိုး ငါးထောင်ကိုပင် ယူတော့မည်မဟုတ်ဘဲ ခေါ်ဆိုခကိုသာ ကောက်ခံတော့မည်ဟုလည်း ၎င်းအရာရှိကြီးက ဆက်လက်ပြောကြားလိုက်သေးသည်။ ခေါ်ဆိုခပင်လျှင် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင်များပြားနေသေးကြောင်းလည်း ဝန်ခံသွားခဲ့သည်။

ပြည်သူတွေအနေဖြင့် ထိုကိစ္စ အမှန်တကယ် အကောင်အထည်ဖော်လာရန် ဆုတောင်းနေကြရပါသည်။ မည်သည့်နိုင်ငံတွင်မှ မပေးရသည့် ဖုန်းဈေးနှုန်းနှင့် ကြီးမြင့်လှသော ခေါ်ဆိုခတွေကို ဆင်းရဲသောပြည်သူတွေ ပေးဆောင်နေကြရသည်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း မလိုလားအပ်သည့် အပိုကုန်ကျစရိတ်( Transaction Cost) တွေကြောင့် ဒေသတွင်းနိုင်ငံတွေနှင့် ယှဉ်ပြိုင်ရောင်းချနိုင်စွမ်းမရှိ ဖြစ်နေရသည်။ Transaction Cost တွေ လျော့ချရမည့် ကိစ္စကို တိုင်းပြည်အခြေပြုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည့် သမ္မတကြီးအနေဖြင့်လည်း ယခုကိစ္စကို သဘောတွေ့လိမ့်မည် ထင်ပါသည်။

ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်ဆိုသကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထိုကိစ္စကို အနှုတ်လက္ခဏာဆောင်သည့်အမြင်ဖြင့် ရှုမြင်သည်။ ဆက်သွယ်ရေးမပါဘဲ လုပ်၍မရကြောင်း မီဒီယာများကို အသိပေးသည်။ ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိသည့် ကိစ္စဟူ၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုးကားပြောဆိုပြန်သည်။ မြန်မာ့ဆက်သွယ်ရေး၏ ကွန်ယက်ပေါ် ဖြတ်သန်းခြင်းမရှိဘဲ မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းများနှင့် ချိတ်ဆက်၍မရ၊ နိုင်ငံတကာ ဖုန်းများနှင့် ချိတ်ဆက်၍မရဟူ၍လည်း နည်းပညာပိုင်းအရ မဖြစ်နိုင်ပါဟူ၍လည်း ငြင်းဆိုလိုက်သေးသည်။ အကယ်၍ ပုဂ္ဂလိက လုပ်ငန်းက ကိုယ်ပိုင် ဆက်သွယ်ရေး ပစ္စည်များ၊ တိုင်များ၊ ဂြိုလ်တုများနှင့် လုပ်ကိုင်မည်ဆိုလျှင် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းများကို မည်သူမျှ သုံးကြတော့မည်မဟုတ်ပေ။ အစိုးရမှာ တပ်မတော် အစိုးရကို ဆက်ခံသော အစိုးရဖြစ်၍ လုံခြုံရေးအမြင်အရဆိုလျှင်လည်း ထိုပုဂ္ဂလိကကုမ္ပဏီများမှာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမည့် ကိစ္စရပ်များ အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်ပါလိမ့်မည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့ နိုင်ငံကြီးများပင်လျှင် ၉/၁၁ အရေးအခင်းအပြီးတွင် တယ်လီဖုန်းများ ကြားဖြတ်နားထောင်သည့်ကိစ္စကို ပြုလုပ်ခဲ့ရသည်ဖြစ်ရာ လုံခြုံရေးအမြင်ဖြင့် ကြည့်လွန်းသော အစိုးရအနေဖြင့် ထိုကိစ္စကို ပူပန်စရာမလိုပါဟုသာ ဆိုရပေလိမ့်မည်။

သို့ရာတွင် အစိုးရဘက်မှ တစ်စုံတစ်ရာ သဘောထားထုတ်ပြန်ချက်မရှိသေးဘဲ မြန်မာ့ဆက်သွယ်ရေးကသာ ထိုကိစ္စကို ငြင်းဆိုနေခြင်းဖြစ်ရာ မည်သို့ ဆက်ဖြစ်မည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေပေသည်။ ခြစားမှုများလွန်းသော ကဏ္ဍများကို ပြုပြင်ပြောင်းလဲရေးလုပ်ရန်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။ ဆိုရလျှင် မြန်မာ့ဆက်သွယ်ရေးသာ မဟုတ်၊ အစိုးရ၏ လုပ်ငန်းတော်တော်များများတွင် ခြစားမှုတွေမှာ သူ့နည်းသူ့ဟန်နှင့် ရှိနေကြပြီး ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးကို ဥပမာပေးရလျှင်ပင် မြန်မာစာ၊ ရုက္ခဗေဒ စသည်ဖြင့် လုပ်ငန်းသဘောသဘာဝနှင့် မည်သို့မျှဆက်စပ်ခြင်းမရှိသည့် ဝန်ထမ်းတွေ အမြောက်အများရှိနေသည်။ သို့ရာတွင် ပြန်တမ်းဝင်ဝန်ထမ်းအဖြစ်မဟုတ်ဘဲ အကူ၊ နေ့စား ဝန်ထမ်းအဖြစ်၊ အချို့ဆိုလျှင် လခမရဘဲ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ သက်ဆိုင်ရာအရာရှိကြီးများ၏ နီးစပ်မှုဖြင့် ထိုသို့ ဝင်ရောက်နေကြသည့် ဝန်ထမ်းတွေ မနည်းမနောရှိပါသည်။ သူတို့၏ ရည်ရွယ်ချက်မှာလည်း ဖုန်းပွဲစားလုပ်ခြင်း၊ ဖုန်းဘီလ်ဆောင်ခြင်း၊ ပီစီအို တည်ထောင်ခြင်း၊ လိုင်းပြင်ခြင်း စသည်ဖြင့် ကြားပေါက်ရမည့် ကိစ္စတွေ အတွက်သာ ထိုကဲ့သို့ လစာကို မက်မောခြင်းမရှိဘဲ ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် မြန်မာ့ဆက်သွယ်ရေး၏ ခြစားမှု မည်မျှကြီးမားနေသည်ကို ခန့်မှန်း နိုင်ကြပါလိမ့်မည်။ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေး ရှုထောင့်မှကြည့်လျှင် လုပ်ငန်းအတွကသာမက၊ ဝန်ကြီးအစ၊ အရာရှိအလယ် အောက်ခြေဝန်ထမ်းအဆုံး ကိုယ်ကျိုးစီးပွား ထိခိုက်နိုင်ကြသည်ဖြစ်၍ ယခုကိစ္စကို လက်မခံနိုင်ကြသေးခြင်း ဖြစ်ပါလိမ့်မည်။

ဥပမာပေးရလျှင် ကြေးနန်းပို့သည့် ခေတ်ကုန်သွားပြီဖြစ်၍ ကြေးနန်းကဏ္ဍမှာ နှစ်စဉ်အရှုံးပေါ်လျှက်ရှိသည်။ ထို့ကြောင့် ကြေးနန်းဝန်ထမ်းတွေ အလုပ်ပြုတ်မည့်အရေးမှ အကာအကွယ်ပေးနိုင်ရန် ကြေးနန်းဝန်ထမ်းများကို အင်တာနက်၊ အီးမေးလ်သင်တန်းများပေး၍ မြန်မာ့ဆက်သွယ်ရေး၏ အများပြည်သူ သုံး အင်တာနက်စခန်းများ၊ အင်တာနက်ကြေးနန်း ဝန်ဆောင်မှုလုပ်ငန်းများကို ပြုလုပ်ကြရသည်။ အစိုးရရှုထောင့်မှကြည့်လျှင် အစိုးရဝန်ထမ်းများ အစုလိုက် အပြုံလိုက် အလုပ်ပြုတ်မည့်အရေးကို ထည့်သွင်းစဉ်းစားရခြင်းလည်း ရှိနိုင်ပါသည်။ သို့ရာတွင် ပုဂ္ဂလိကဆက်သွယ်ရေး ကုမ္ပဏီများ အပြိုင်အဆိုင် ပေါ်လာသည် နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ရာ ထိုကိစ္စမှာ စိုးရိမ်ပူပန်ဖွယ်မရှိနိုင်ပါ။ သို့ရာတွင် ထိုက်တန်သော လုပ်ခလစာနှင့် လုပ်ရမည်ဖြစ်၍ လိုအပ်သည်ထက် အခွင့်အရေးပိုယူလွန်းသော ဝန်ထမ်းများအတွက်မူ ဆက်သွယ်ရေးကုမ္ပဏီများထက် မြန်မာ့ဆက်သွယ်ရေးကို ပို၍ ဖက်တွယ် လိုကြပါလိမ့်မည်။ အထူးသဖြင့် အကျိုးအမြတ်များစွာရရှိနေသာ ထိပ်တန်းအရာရှိများက ပိုပါလိမ့်မည်။ စီမံကိန်း ဒါရိုက်တာရာထူး၊ ညွှန်ကြားရေးမှူးရာထူး စသူတို့မှာ အများအားဖြင့် တပ်မတော်မှ အငြိမ်းစားများဖြစ်လေ့ရှိပြီး နည်းပညာအကြောင်း နကန်းတစ်လုံးမျှ နားမလည်သူတွေလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ရှိနေပါသေးသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးတွေကို ငဲ့ညာနေလျှင် ကျန်သန်းခြောက်ဆယ်သော ပြည်သူတို့၏ ဘဝကို မညှာတာရာ ရောက်ပေလိမ့်မည်။ ယနေ့ခေတ်မှာ မိမိကိုယ်ကို တာဝန်ခံရသောခေတ်ဖြစ်ရာ လုပ်ငန်းအမှန်တကယ် တတ်ကျွမ်းခြင်းမရှိလျှင်၊ ခေတ်နှင့်အညီ လိုက်ပါနိုင်ခြင်းမရှိလျှင် ကျန်ရစ်ခဲ့မည်မှာ လည်း ဓမ္မတာပင်ဖြစ်ပါသည်။

စာရေးသူတို့ နိုင်ငံအနေဖြင့် ထိုကိစ္စအပေါ် အသစ်အဆန်းဖြစ်နေသော်လည်း ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဆက်သွယ်ရေးနှင့် သတင်းပျံ့နှံ့ စီးဆင်းမှုတို့မှာ အဓိကမောင်းနှင်အားဟုဆိုရမည်ဖြစ်ရာ ဆက်သွယ်ရေးအတွက် တယ်လီဖုန်းနှင့် အင်တာနက်တို့ကို ကောင်းနိုင်သမျှ ကောင်းအောင် လုပ်နေကြ ရသည်။ ဆရာကျော်ဝင်း၏ စာအုပ်များထဲက စကားနှင့်ဆိုရလျှင် ယခင်က တစ်နိုင်ငံနှင့် တစ်နိုင်ငံ မည်သည့်နိုင်ငံ၏ ဒုံးပျံက ပိုမြန်သလဲ ပြိုင်ကြရင်းမှ ယခုအခါတွင် ကွန်ပျူတာချိပ်စ်တွေ ဘယ်လောက်မြန်သလဲ၊ ထိုနိုင်ငံ၏ အင်တာနက်ဒေါင်းလုပ် ဘယ်လောက်မြန်သလဲဆိုတာတွေနှင့် ပြိုင်လာကြရပြီဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဟု တလျှောက်လုံး ကြွေးကြော်ကြုံးဝါးနေခဲ့စေကာမူ လျှပ်စစ်မီး၊ အင်တာနက်၊ တယ်လီဖုန်းတို့ကို ယနေ့တိုင် အဆင်ပြေပြေလုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ ထိုကဏ္ဍကြီးသုံးခုမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအကျဆုံးသော လုပ်ငန်းကြီး သုံးရပ်လည်း ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးများသည် ကနဦးပိုင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိသော်လည်း ရေရှည်တွက် အကျိုးများ သည့် ကိစ္စရပ်များဖြစ်ကြောင်းကို မော်တော်ကားအသစ်များ လဲလှယ်ခွင့်ပြုခဲ့သည့် ဖြစ်ရပ်က သက်သေပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်း သက်သာသော ဖုန်းများကိစ္စလည်း မကြာမီ အကောင်အထည်ပေါ်လာဖွယ် ရှိပါသည်။ လက်ဝါးကြီးအုပ်ရုံမျှမက အမြတ်ကြီးပါစားလိုသော ခရိုနီများနှင့် ကိုယ်ကျိုးစီးပွား ကြည့် လွန်းသော အုပ်စုများမှလွဲ၍ လူတိုင်းနှစ်သက်လက်ခံသောကိစ္စပင် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမည် မှန်သော်လည်း မြစ်ဆုံကဲ့သို့ သော ကိစ္စ၊ ဝန်ကြီးများရုံးကိစ္စ၊ မော်တော်ယာဉ်တင်သွင်းခွင့် စသည့် ကိစ္စရပ်များသည် နိုင်ငံတိုးတက်ရေးကို လိုလားသော သမ္မတကြီးနှင့် အစိုးရထိပ်တန်း ပုဂ္ဂိုလ်ကြီး များထံမှ တိုက်ရိုက်လာသည်ကို မမေ့မလျော့ရှိကြရန်လည်း လိုအပ်သည်ဟု ဆိုရပေလိမ့်မည်။
yangon chronicle

အပြည့်အစုံသို့...

Sunday, September 27, 2009

ကိုင်း ... ဘယ့်နှယ့် ရှိစ


Summary

Rest of your post

အပြည့်အစုံသို့...

Monday, November 19, 2007

Burma relation with China and India


Photo by Shwe Gas Media

အပြည့်အစုံသို့...

Saturday, November 17, 2007

Current political situation in Burma(Cartoon)

The Mobilization Forces of International Mass Campaigns for Burma

အပြည့်အစုံသို့...