အရှင်စန္ဒိမာလဟာ
ငယ်ငယ်က ဆယ်တန်းကို ၅ဘာသာဂုဏ်ထူးနဲ့ အောင်တယ်
လူတွေ ငန်းငန်းတက်နေတဲ့ RIT တို့ MEDICINE တို့ကို မယူခဲ့ဘူးငယ်ငယ်က ဆယ်တန်းကို ၅ဘာသာဂုဏ်ထူးနဲ့ အောင်တယ်
ရွှေဝါရောင်တော်လှန်ရေး ဖြစ်တယ်။
လူငယ်ပညာတတ်ရဟန်းဟာ နိုင်ငံရေးမှာ ရှေ့တန်းက ပါလာတယ်
လိုအပ်သမျှတွေ အားလုံးကို အနစ်နာခံ လုပ်တယ်
တခြားခေါင်းဆောင်တွေလို မနပ်တဲ့ အရှင်စန္ဒိမာလဟာ
သင်္ကန်းတွေ ဖိုးယိုးဖားယား၊ တရားရွတ်သံတွေ လုံးလားထွေးလားနဲ့
ရဟန်းတွေပြေးလွှားတယ် ထိတယ် ဒဏ်ရာရတယ် သေတယ်။
ခေါင်းကို ကျည်ဆံဖောက်သွားတဲ့ အရှင်စန္ဒိမာလဟာ
ကမ္ဘာကြီးက မှောက်ခုံသေပုတ်ပွနေတဲ့ ရဟန်းအလောင်းကို ကြည့်ပြီး
ကျနော်တို့အားလုံး ရှက်သေကြရအောင်လား ဟင်???
အရှင်စန္ဒိမာလရဲ့အသားတွေဟာ မြောင်းပုတ်ရေထဲမှာပဲ ပဲ့ကြွေကုန်တယ်
အရှင်စန္ဒိမာလရဲ့အရိုးတွေဟာ မြောင်းပုတ်အောက်ခြေမှာပဲ အနယ်ထိုင်တယ်
အရှင်စန္ဒိမာလရဲ့သင်္ကန်းတော်ဟာ မြောင်းညစ်ရေစီးနဲ့ မျောပါသွားတယ်
ခင်ဗျား သောက်နေတဲ့ ချိုပေါ့ကျက အရင်လို ချိုပေါ့ကျ နေသေးတယ်။
အခု ကျနော် (ဂျစ်ပစီတစ်ကောင်) က မေးမယ်ဗျာ
(စစ်အစိုးရကတော့ ငရဲကောင်မို့ အလောင်းကို မသိမ်းတာ ထားတော့)
ခင်ဗျားတို့ ရန်ကုန်မှာ ထေရဗုဒ္ဓဝါဒီ တစ်သန်းလောက် ရှိနိုင်မလားကြောက်နေခဲ့လား
ဒါမှမဟုတ်
ကိုယ့်ကိစ္စ မဟုတ်ဘူး ဆိုပြီး မျက်နှာလွှဲနေခဲ့ကြလား
(ကိုယ့်ကိစ္စ မဟုတ်ဘူး ဆိုပြီး မျက်နှာလွှဲနေခဲ့ကြလား)
(ကိုယ့်ကိစ္စ မဟုတ်ဘူး ဆိုပြီး မျက်နှာလွှဲနေခဲ့ကြလား)
(ကိုယ့်ကိစ္စ မဟုတ်ဘူး ဆိုပြီး မျက်နှာလွှဲနေခဲ့ကြလား)
ခင်ဗျား ရင်တွင်းအသိစိတ်အားကို ခင်းဗျား ပြန်ဖြေပါ။
မကြာခင်မှာ
ဒီမိုကရေစီမိန်းမလှလှတစ်ယောက် ဝင် စိုးမိုးတော့မှာနော်
သူမကိုတော့ ညစ်ပတ်နံစော်နေတဲ့မြောင်းပုတ်ထဲ မပစ်ထားပါနဲ့။
ပန်းရနံ့ကို ချစ်မြတ်နိုးတတ်ရင်
ပန်းဆူး စူးတာလည်း ခံနိုင်ရဲရမယ်...ဒါပဲ။ ။
သုအိုင်စံ
၂၁-၁၁-၂၀၁၃
0 comments:
Post a Comment