Friday, May 31, 2013

လူတော်များ

လူသည်
ကိုယ့်ကိုယ်ကိုယ်
သန်း ၇၀၀၀ ထဲမှာ ရှာကြည့်လိုက်တဲ့အခါ
တွေ့တယ်။


လူသည်
ကိုယ့်စကားလုံးကိုယ်
ဘာသာရေးကျမ်းအဖုံဖုံထဲမှာ ရှာကြည့်လိုက်တဲ့အခါ
မတွေ့ဘူး။

ဒါဆိုရင်
လူနေတဲ့ ကမ္ဘာဟာ ရှိတယ်
လူကိုးကွယ်တဲ့ ဘာသာတရားဟာ မရှိဘူး။

ငါတို့သည်
မရှိတာကို အရှိလုပ်ပစ်နိုင်သော
လူတော်များ ဖြစ်၏။   ။

သုအိုင်စံ
၀၁-၀၆-၂၀၁၃

0 comments: